မန္တလေးတိုင်းအစိုးရ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် ဆေးရုံဆင်းခွင့်ရရှိပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် ဆေးရုံဆင်းခွင့်ရရှိပြီ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်သည် COVID-19 ရောဂါ ကုသမှုခံယူပြီး ကျန်းမာစွာဖြင့် ယနေ့(ဒီဇင်ဘာ ၁ ရက်) ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

“အားလုံးသော မိတ်ဆွေများ၊ လုပ်ဖေါ်ကိုင်ဖက်များ ပို့သသော မေတ္တာကြောင့် ဒီနေ့ မနက်ပိုင်းမှာ ကျနော်တို့ ဇနီးမောင်နှံ နေအိမ်သို့ ကောင်းမွန်စွာ ပြန်လည်ရောက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ Home Quarantine (၁)ပတ် ထပ်ဝင်နေပါတယ်။ ဧရာဝတီစင်တာမှာ တက်ရောက်ကုသရာတွင် ကူညီဆောင်ရွက်ပေးခဲ့သော မန္တလေးတိုင်းဒေသကြီး Covid -19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ဧရာဝတီစင်တာမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ကုသရေးတွင် အားတက်သရော ဆောင်ရွက်စောင့်ရှောက်ပေးခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းများနဲ့ ဆေးကုသမှုခံယူနေစဉ် သတင်းမေး အားပေး၊အသုံးအဆောင်၊ အဟာရနဲ့ ဆေးဝါးများပို့ပေးခဲ့ကြသော မိတ်ဆွေ သားချင်း၊ လုပ်ဖော်ကိုင်ဖက်နဲ့ အဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။”ဟု ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •