မန္တလေးတိုင်းအတွင်းမှာ ကိုဗစ် positive လူနာ တွေတိုးလာတဲ့ အတွက် ယာယီဆေးရုံ အဖြစ် ဆောင်ရွက်နိုင်မယ့် နေရာတွေကို ရွေးချယ်ပြီ၊း ကြိုတင် ပြင်ဆင် ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ် positive လူနာ တွေ့ရှိမှု တိုးလာတဲ့ အတွက် ကုတင် ၃၀၀ ဆံ့ သင်ကြားရေး ဆေးရုံအပြင် တိုးလာနိုင်တဲ့အတည်ပြုလူနာတွေ ထားရှိဖို့ ယာယီဆေးရုံ အဖြစ် ဆောင်ရွက်နိုင်မယ့် နေရာတွေကို ရွေးချယ်ပြီ၊း ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားကြရမယ့် အစီအမံများ အတွက် ယနေ့ ပြုလုပ်တဲ့ မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။
လူနာတွေ ထားရှိဖို့ အတွက် နေရာတွေ လိုအပ်လာခဲ့ရင်လည်း အုပ်ချုပ်မှုကိစ္စတွေ၊ ထောက်ပံ့မှု ကိစ္စတွေ အလွယ်တကူ ဆောင်ရွက်နိုင်မယ့် နေရာမျိုးတွေကို ရွေးချယ်ဖို့နဲ့ သံသယ လူနာများရဲ့ swab နမူနာ ရယူစစ်ဆေးနိုင်ရေး ကူညီ ဆောင်ရွက်မယ့် Volunteer Team အဖွဲ့၀င်များအား Swab နမူနာ ရယူရေး သင်တန်း သင်ကြား ပို့ချသွားမယ့် အစီအစဥ် တွေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။
မိမိနဲ့ မိမိ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်တွေကိုလည်း လိုက်နာကြဖို့ သတိပေးချင် ပါတယ်။
ယခုလို ရောဂါ ပျံ့ပွားမှုကို တားဆီးရန် အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေး မစုရုံးစေလို၍ ထောက်ခံ အားပေးသူများ အားလုံးနှင့် NLD အဖွဲ့ဝင်များကို မဲဆွယ် စည်းရုံးခြင်း မပြုလုပ်ရန် မန္တလေးတိုင်း NLD အောင်နိုင်ရေး အဖွဲ့မှ မေတ္တာရပ်ခံ ပန်ကြားလွှာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် ယခုအချိန်မှာ ကျန်းကျန်းမာမာဖြင့် ကိုဗစ်ကို တွန်းလှန် ကျော်လွှားပြီး နိုဝင်ဘာ (၈) ရက်တွင် NLD ကို ထောက်ခံမဲ ပေးခြင်းအားဖြင့် မိမိတို့၏ စိတ်အား ထက်သန်မှု၊ အမေစုကို ဝန်းရံအားပေးမှုကို အင်တိုက် အားတိုက် ပြကြပါရန် ပန်ကြား အပ်ပါသည်။
အားလုံးကလည်း ပူးပေါင်း ဆောင်ရွက်စေချင်ပါတယ်။
ဒေါက်တာဇော်မြင့်မောင်