မန္တလေးတိုင်းအတွင်းရှိ ဘုရားများ၊ စေတီပုထိုးများ ဖူးမြော်ဝတ်ပြုခြင်း ခွင့်မပြုသေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားများ၊ စေတီပုထိုးများ၊ ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းသည့်နေရာများ ဖူးမြော်ဝတ်ပြုခြင်း ခွင့်မပြုသေး

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားများ၊ စေတီပုထိုးများ၊ ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းသည့်နေရာများ(Church၊ ဗလီ၊ ဟိန္ဒူဘုရားရှိခိုးကျောင်း)တွင် ဖူးမြော်ဝတ်ပြုခြင်းတို့အား ခွင့်မပြုသေးပါကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်ကို ဩဂုတ်လ ၁ ရက်တွင် ထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်/ရပ်ကွက်နှင့် ကျေးရွာများရှိ ဘုရားများ၊ စေတီပုထိုးများ၊ ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းသည့်နေရာများ(Church၊ ဗလီ၊ ဟိန္ဒူဘုရားရှိခိုးကျောင်း)တွင် ဖူးမြော်ဝတ်ပြုခြင်းတို့အား ခွင့်မပြုသေးကြောင်း သိရပါတယ်။

ဖူးမြော်ဝတ်ပြုခွင့် တောင်းခံလာပါက Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံ တင်ပြခွင့်ပြုချက်ရယူပြီး ခွင့်ပြုချက်ရရှိမှသာ ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •