မန္တလေးတိုင်းအတွင်း ဘုန်းတော်ကြီးကျောင်းများ၊Church ၊ ဗလီနှင့် ဟိန္ဒူကျောင်းများ၌ ဝတ်ပြုဆုတောင်းခြင်းများကို ယာယီပိတ်သိမ်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ Church ၊ ဗလီနှင့် ဟိန္ဒူကျောင်းများ၌ ဝတ်ပြုဆုတောင်းခြင်းများကို ယာယီပိတ်သိမ်း

မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကူးစက်မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ Church ၊ ဗလီနှင့် ဟိန္ဒူကျောင်းများ၌ ဝတ်ပြုဆုတောင်းခြင်းများကို တစ်လလျှင် (၄)ရက်ပြုလုပ်ခွင့်အား ၁၃-၉-၂၀၂၀ ရက်နေ့မှစ၍ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

၁၆-၈-၂၀၂၀ ရက်နေ့မှစတင်၍ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်ီလ ဆောက်တည်ခြင်းကို လဆန်း/လဆုတ်(၈)ရက်နေ့များနှင့် လပြည့်/လကွယ် ဥပုသ်နေ့များတွင် တစ်လလျှင် (၄)ရက်၊ အခြားဘာသာဝင်များအနေဖြင့် သက်ဆိုင်ရာ Church၊ ဗလီနှင့် ဟိန္ဒူကျောင်းများတွင် ဝတ်ပြုဆုတောင်းခြင်းများကို ရက်သတ္တ(၁)ပတ်လျှင် (၁)ရက်ဖြင့် တစ်လလျှင်(၄)ရက် ပြုလုပ်ခွင့်အား တစ်ကြိမ်လျှင် လူ(၃၀)ဦးမပိုဘဲ ပြန်လည်ခွင့်ပြုထားခဲ့ရာမှ ယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •