မန္တလေးတိုင်း၊အမရပူရမြို့နယ်ရှိ ရေဘေးဒုက္ခသည်များကိုကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်း၊အမရပူရမြို့နယ်ရှိ ရေဘေးဒုက္ခသည်များကိုကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


၂၀.၇.၂၀၂၀ ရက်နေ့၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်း၊ ဒေါ်အေးကြင်ထမင်းဆိုင်အနီး ရေဆိုးထုတ်မြောင်းကျိုးပေါက်၍ မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေများဝင်ရောက်မှုဖြစ်ပွားခြင်းအား မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၂၄၀)ဦးတို့ဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်း
တွေဆောင်ရွက်နေပါတယ်။

ယဉ်တော်ကျေးရွာရှိ အိမ်ထောင်စု(၁၅၀)စု၊ လူဦးရေ(၄၈၃)ဦးအား စစ်ကိုင်း-မန္တလေးလမ်း(တာရိုး)နှင့် ရေလဲကျောင်းတိုက်တွင်လည်းကောင်း၊ မှန်တန်းရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၃၆၀)စု၊ လူဦးရေ (၁၀၉၅)ဦးအား သက်မဥ္ဇူဘုရား၊ ရန်အောင်မြင်ဓမ္မာရုံ၊ သက်တော်ရ/သက်တော်ရှည်ဘုရားဝင်း၊ မိုးကောင်းဓမ္မာရုံ၊ မန်ကျည်းတောဘုန်းတော်ကြီးကျောင်းနှင့် ရှင်ပင်ဆပ်သွားဓမ္မာရုံတို့တွင်လည်းကောင်း၊ ကျန်တန်းရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၃၁၈)စု၊ လူဦးရေ(၁၄၈၆)ဦးအား ပွဲတော်ဘုန်းတော်ကြီးကျောင်း၊ ကျန်းတန်းဓမ္မာရုံနှင့် ပေါက်ပေါက်တန်းဓမ္မာရုံတို့တွင်လည်းကောင်း၊ ဈေးချိုရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၆၅၀)စု လူဦးရေ(၉၇၀)ဦးတို့အား ဈေးချိုအ.မ.က ကျောင်း၊ ဦးလင်းဓမ္မာရုံနှင့် အုတ်တန်းဓမ္မာရုံများတွင်လည်းကောင်း ကယ်ဆယ်ရွှေ့ပြောင်းခြင်းလုပ်ငန်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ဂလိုင်ပေါက်အား အမြန်ဆုံးပိတ်ဆို့နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်သူရပ်ကွက်သားများ ပူးပေါင်းကာ စက်ယန္တရားကြီးများ အသုံးပြု၍ လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •