မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊  ကမ်းနားလမ်းမှာ မီးလောင်မှုဖြစ်၊ကျပ် ၁၂၉သိန်းဆုံးရှုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊  ကမ်းနားလမ်းမှာ မီးလောင်မှုဖြစ်၊ကျပ် ၁၂၉သိန်းဆုံးရှုံး

၂၃.၁၂.၂၀၂၀ ရက်နေ့၊ ၀၁ ၄၀အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ အုတ်ကျင်းရပ် ဝေဖာလုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၂၀၅ အချိန် မီးငြိမ်းတယ်လို့သိရပါတယ်။

မီးလောင်မှုကို အဆင့် Level-2နဲ့ မီးငြိမ်းသတ်ခဲ့ပြီး မီးစတင်လောင်တဲ့ ဝေဖာလုပ်ငန်းအတွင်း ဝေဖာထုပ်တွေကို အပူပေးပြီးထုပ်ထားရာကနေ အတွင်းအောင်းအပူဖြစ်ပွားကာ မီးစတင်လောင်ကျွမ်းခဲ့တဲ့အပြင် အဲ့ဒီဝေဖာလုပ်ငန်းက အသက် ၁၆နှစ် အမျိုးသားတစ်ဦးဟာလည်း ရင်ဘက်၀ဲယာ လက်နှစ်ဖက်၊ ခြေဖ၀ါးနှစ်ဖက်တို့မှာ မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။

မီးလောင်မှုကြောင့် Mark-2အမျိုးအစား မော်တော်ကား ၁စီး၊ တိုယိုတာဟိုက်အေ့စ် အမျိုးအစား မော်တော်ကား ၁စီး၊ ဆိုင်ကယ် ၄ စီး၊ ပေ ၂၀ပတ်လည် ပျဥ်ထောင် ၂ထပ်အိမ် ၁လုံး၊၂၅ပေ× ပေ၄၀ သွပ်မိုး ပျဥ်ထောင် ၂ထပ်အိမ် ၁လုံးတို့ မီးလောင်ပျက်စီးခဲ့ပါတယ်။

မီးလောင်မှုကြောင့် တန်ဖိုးငွေ ၁၂၉သိန်း မီးလောင်ဆုံးရှုံးခဲ့တဲ့အတွက် နေအိမ်ပိုင်ရှင် အမျိုးသားကို အ​ရေးယူထားတယ်လို့သိရပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •