မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်း ဝန်ထမ်းများကိုမြို့တော်ဝန် ဂုဏ်ပြုမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်းဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် အရေးပါအရာရောက်ဆုံး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်း ဝန်ထမ်းများ

Health Heros of Mandalay Region
••••••••••••••••••••••••••••••••••••••••••••••••••••
ကန့်လန့်ကာနောက်ကွယ်က သူရဲကောင်းများပါ။

စနေ တနင်္ဂနွေ အစိုးရရုံးပိတ်ရက်ပါမကျန် နားရက်မယူ မနက်၈နာရီကနေ ည၁၀ နာရီကျော်အထိ လိုရင်လိုသလို အရေးကြီးရင်ကြီးသလို မညည်းမညူ မခိုမကပ် တိုင်းပြည်နဲ့လူမျိုးအတွက် စွမ်းအားပြည့်လုပ်အားပေးနေသူတွေပါ။

ကိုဗစ်ရောဂါပိုးတွေနဲ့လည်း အနီးကပ်နပန်းလုံးနေရသူတွေပါ။

သာမန်ဝတ်စုံနဲ့အလုပ်လုပ်လို့မရပါဘူး။

ကိုဗစ်ရောဂါပိုးမကူးစက်အောင် Full PPE ကိုတစ်ချိန်လုံးဝတ်ထားရတာပါ။

PPE ကလေလုံတော့ဝတ်ထားရင်အရမ်းပူပါတယ်။ ချွေးတွေနင့်နေအောင်ထွက်လို့ သာမန်လူဆိုရင်တစ်နာရီလောက်ဝတ်လိုက်ရင်ကို ချွေးထွက်များလို့ ပျော့ခွေသွားတဲ့ပုံတွေ တွေ့ဘူးမှာပါ။

ကျွန်တော်ကိုယ်တိုင် နာရီဝက်လောက်ဝတ်ဖူးတဲ့ အတွေ့အကြုံအရပြောတာပါ။

 

ကိုဗစ်ရောဂါ ထိန်းချုပ်ရေးမှာ ပိုးရှိလူနာ အမြန်ဆုံးရှာဖွေနိုင်ဖို့အရေးအကြီးဆုံးပါ။

စောစောတွေ့လေ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေကို quarantine မြန်မြန်လုပ်နိုင်လေမို့ ရောဂါပြန့်ပွားတာကို ထိထိရောက်ရောက်ထိန်းချုပ်နိုင်မှာပါ။

မနေ့ညက ဓာတ်ခွဲနမူနာ ၆၅၉ခု စစ်ဆေးရတာမို့ ည ၁၂ နာရီအထိ အလုပ်လုပ်ကြရပါတယ်။ ညထွက်ခွင့်လက်မှတ်တွေပေးထားရပါတယ်။

အပြန်လမ်းခရီးလုံခြုံရေးကလည်းရှိသေးတယ်။

ဓာတ်ခွဲအဖြေထွက်ပြီးရင်လည်း စာရင်းပြန်ချုပ် ကွန်ပျူတာ ထဲထည့် ဗဟိုကိုချက်ချင်းတင်ပြရတာပါ။

 

ကိုဗစ်ရောဂါထိန်းချုပ်ရေးမှာ အရေးအကြီးဆုံး ကဏ္ဍကနေလုပ်အားအပြည့်အဝပေးနေတဲ့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းဝန်ထမ်းတွေရဲ့ ဝန်နဲ့မမျှအောင်လုပ်ပေးနေတာကို သိသူအင်မတန်နည်းပါတယ်။

ကိုဗစ်ရောဂါမပြန်ပွားအောင် အဓိကအကျဆုံးနေရာက တာဝန်ထမ်းနေတဲ့ PHL ဝန်ထမ်းတွေကို အထူးကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်။

ဝူဟန်ကျောင်းသားတွေကိုပြန်ခေါ်ခဲ့ပြီး quarantine ဝင်ခဲ့တဲ့ ဆရာဝန်များနဲ့အတူ စည်ပင်နှစ်ပတ်လည်နေ့မှာ ဂုဏ်ပြုဖို့ဆုံးဖြတ်ထားပါတယ်။

 

Credit – Dr Ye Lwin

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •