မန္တလေးတိုင်း အမျိုးသမီးကော်မတီ နာယက ဒေါက်တာယုယုမေ အမရပူရရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်အားပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမျိုးသမီးကော်မတီ နာယက ဒေါက်တာယုယုမေ အမရပူရမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများထံ သွားရောက်၍

အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ဇနီး မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီ နာယက ဒေါက်တာယုယုမေနှင့် အမျိုးသမီးကော်မတီအဖွဲ့သည် ဇူလိုင် ၂၁ ရက်တွင် အမရပူရမြို့နယ်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီ နာယက ဒေါက်တာယုယုမေနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် အမရပူရမြို့နယ် မှန်တန်းရပ်ကွက်အတွင်းရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၈)ခုသို့ သွားရောက်၍ လူဦးရေ (၃၀၀၀)ကျော်အား နေ့လယ်စာနှင့် မုန့်များ၊ နှာခေါင်းစီးများ၊ ဆပ်ပြာများ ပေးဝေကာ ကိုဗစ်-၁၉ ရောဂါနှင့် ရေဘေးကြောင့်ဖြစ်တတ်သော ရောဂါများ သတိပြုကာကွယ်ရန်နည်းလမ်းများ ပြောပြရှင်းလင်းခဲ့ကြသည်။

Spread the love
  •  
  •  
  •  
  •  
  •  
  •