မန္တလေးတွင် ကိုဗစ်ဒုတိယလှိုင်းအတွက် ပြင်ဆင်မှုများကို အလှူရှင် များက ကူညီလှူဒါန်းကြ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်ဒုတိယလှိုင်းအတွက် ပြင်ဆင်မှုကို ကူညီလှူဒါန်းပေးလို့ မန္တလေးမြို့ကိုယ်စား ကျေးဇူးအထူးတင်ပါတယ်။
•••••••••••••••••••••••••••••••••••••••

ဒုတိယလှိုင်းမှာ ပိုးတွေ့လူနာများလာတဲ့အတွက် ကန်တော်နဒီဆေးရုံနဲ့တင် လုံလောက်မယ်မထင်လို့ လူနာတွေလက်ခံဖို့ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံကြီးကို ဒုတိယစင်တာ အနေနဲ့ရွေးချယ်ခဲ့ပါတယ်။

လိုအပ်မှုတွေရှိနေတာသိလို့ ရွှေစင်အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်းပိုင်ရှင် ဦးသူတော်+ဒေါ်ခင်စိန် မိသားတစ်စုတို့မှ ကုတင် ၃၀၀ သင်ကြားရေး ဆေးရုံအတွက် သိန်း(90)နှင့် ပြည့်သူ့ကျန်းမာရေးဓာတ်ခွဲခန်း(PHL)အတွက်(10)သိန်း၊စုစုပေါင်းသိန်း(100)ကို လှူဒါန်းမှုကိုလက်ခံခဲ့ပါတယ်။

ကိုမင်းမင်း U.B.Y ဖိနပ်ရောင်းဝယ်ရေး မှ shower ဖိနပ်အရံ (120) ကိုလည်း ဆေးရုံသို့ သွားရောက်လှူဒါန်းခဲ့ပါတယ်။

အလှူရှင်များအားလုံးကို သာဓုခေါ်ဆိုပါတယ်။

ပြည်သူတွေညီရင် ကိုဗစ်ကို ထိန်းချုပ်နိုင်ပါတယ်။

Credit – Dr Ye Lwin


Spread the love
  •  
  •  
  •  
  •  
  •  
  •