မန္တလေးတွင် ဗုံးဟုယူဆရသော မသင်္ကာဖွယ်ရာပစ္စည်းတစ်ခုတွေ့ရှိသဖြင့် စစ်ဆေးကြည့်ရာ ဗုံးပုံသဏ္ဍာန် မီးခြစ်ဖြစ်နေကြောင်းသိရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမြို့တွင် ဗုံးဟု ယူဆရသော မသင်္ကာရဖွယ်ရာ ပစ္စည်းတစ်ခု တွေ့ရှိသဖြင့် စစ်ဆေးကြည့်ရာ ဗုံးပုံသဏ္ဍာန် မီးခြစ်ဖြစ်နေကြောင်း သိရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၇လမ်းနှင့် ၂၈လမ်းကြား၊ ၆၄လမ်း၊ ရေနီမြောင်းဘေးတွင် နိုဝင်ဘာလ ၄ရက် ညနေ ၅နာရီကျော် အချိန်ခန့်က ဗုံးဟုယူဆရသည့် မသင်္ကာဖွယ်ရာ ပစ္စည်းတစ်ခု တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မသင်္ကာဖွယ်ပစ္စည်းကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိ စစ်ဆေးခဲ့ရာ အမြင့် ၄လက်မခန့်၊ အချင်း ၁လက်မခွဲခန့် ရှိ Zong Long တံဆိပ်ပါ ပင်ပုံစံ လက်ကိုင်ကွင်းပါရှိသည့် စစ်စိမ်းရောင် လက်ပစ်ဗုံးပုံစံ ပြုလုပ်ထားသော မီးခြစ်ဖြစ်နေပြီး ဂက်စ် ကုန်နေကြောင်း သိရသဖြင့် တာဝန်ရှိသူများက သိမ်းဆည်းခဲ့သည်။

( Ah Lin Nge )
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •