မန္တလေးတွင် အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မန္တလေးမြို့တွင် အမေရိကန်ဒေါ်လာ သန်း (၄၀.၇၇၉၅) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်းတောင်အားကစားကွင်းတွင် အမေရိကန်ဒေါ်လာ သန်း (၄၀.၇၇၉၅) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ဇွန် ၂၆ ရက် နံနက် ၉ နာရီက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးများ တက်ရောက်ကြသည်။

 

 

အဆိုပါမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် အမှုပေါင်း (၇၂၅၂)မှုမှ အမေရိကန်ဒေါ်လာ သန်း (၄၀.၇၇၉၅) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

 

KK
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •