မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ဖျားနာရောဂါဖြင့် ဆေးကုသရန် မြင်းခြံမြို့မှ ရောက်ရှိသည့် အမျိုးသားတစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ
မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး စောင့်ကြည့်လူနာ သီသန့်ဆောင်၌ ဖျားနာရောဂါဖြင့် ဆေးကုသရန် မြင်းခြံမြို့မှ ရောက်ရှိသည့် အမျိုးသားတစ်ဦးတွင် ဩဂုတ် ၃၁ ရက်က COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်းနှင့် ကန်တော်နဒီဆေးရုံသို့ လွဲပြောင်းပို့ဆောင်ပြီး ဆေးကုသမှုခံယူနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းရရှိသည်။
အဆိုပါ COVID-19 ရောဂါပိုးတွေ့လူနာသည် သြဂုတ် (၁၈)ရက်က ရန်ကုန်မြို့မှ မြင်းခြံမြို့နေအိမ်သို့ ရောက်ရှိခဲ့ပြီးနောက် သြဂုတ် (၃၀)ရက်တွင် မဟာအောင်မြေမြို့နယ်ရှိ ပုဂ္ဂလိကဆေးရုံသို့ လာရောက်ပြခဲ့ကာ ထိုမှတစ်ဆင့် သြဂုတ် (၃၁)ရက် နံနက်ပိုင်းတွင် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့သူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးမြို့၌ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိသည့် အတည်ပြုလူနာ သုံးဦးကို မန္တလေးမြို့ ၆၂ လမ်းရှိ ကန်တော်နဒီဆေးရုံ၌ ဆေးကုသပေးထားပြီး (၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၈၇) ဦး ရှိပြီဖြစ်ပါသည်။
KH
#TheMandalayNewsJournal