မန္တလေးမြို့တွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်အတွင်းရှိ လမ်းမအချို့သာ ဖြတ်သန်းမောင်းနှင်ခွင့်ပြုမည်
မန္တလေးမြို့တွင်း Stay at Home သတ်မှတ်ထားသည့် မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် အမရပူရမြို့နယ်အတွင်းရှိ လမ်းမအချို့သာ ဖြတ်သန်းမောင်းနှင်ခွင့်ပြုမည်ဖြစ်ပြီး အသွားအလာအကန့်အသတ်ဖြင့် စိစစ်ဆောင်ရွက်သွားမည်ဖြစ်သည်။
မဟာအောင်မြေမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်များအတွင်း မော်တော်ယာဉ်များသည် ရပ်နားခွင့်မရှိဘဲ အောက်ပါလမ်းကြောင်းများမှ ဖြတ်သန်းမောင်းနှင်ရန်နှင့် အခြားလမ်းများမှ ဖြတ်သန်းမောင်းနှင်ခြင်း မပြုရန် ဖြစ်ပါသည်။
(က) အရှေ့-အနောက်လမ်းများ
(၁) ၂၆ဘီလမ်း
(၂) လမ်း ၃၀
(၃) ၃၅လမ်း
(၄) သိပ်ပံလမျး
(ခ) တောင်-မြောက်လမ်းများ
(၁) ကမ်းနားလမ်း
(၂) ၈၄လမ်း
(၃) လမ်း ၈၀
(၄) ၇၈လမ်း
(၅) ၇၃လမ်း
(၆) ၆၆လမ်း
(၇) ၆၂လမ်း
(၈) အရှေ့မြို့ပတ်လမ်း
အမရပူရမြို့နယ်အတွင်း မော်တော်ယာဉ်များသည် ရပ်နားခွင့်မရှိဘဲ အောက်ပါလမ်းကြောင်းများမှ ဖြတ်သန်းမောင်းနှင်ရန်နှင့် အခြားလမ်းများမှ ဖြတ်သန်းမောင်းနှင်ခြင်း မပြုရန်ဖြစ်ပါသည်။
(က) ကမ်းနားလမ်း
(ခ) စစ်ကိုင်း-မြစ်ငယ်လမ်း
(ဂ) ကွမ်းသီးတန်းလမ်းမှ တောင်သမန်ကန်ပတ်လမ်းအထိ
(ဃ) ရန်ကုန်-မန္တလေးလမ်းဟောင်း
(င) ထုံးဘို-မြစ်ငယ်လမ်း
(စ) ၆၂လမ်း
အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ သယ်ယူပို့ဆောင်လာသည့် ကုန်စည်တင်ယာဉ်များအား စွယ်တော်ကားကြီးကွင်းနှင့် ဒေါနဘွားကားကြီးများတွင်သာ ကုန်တင်/ကုန်ချခွင့်ပြုသွားမည် ဖြစ်ပါသည်။
ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးကြေညာထားသည်။
COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မန္တလေးခရိုင်အတွင်းရှိ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် အမရပူရမြို့နယ်တို့အား မိမိနေအိမ်တွင်နေထိုင်ရေး( Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်ကို စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။
#TheMandalayNewsJournal