မန္တလေးမြို့တွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်အတွင်းရှိ လမ်းမအချို့ အသွားအလာအကန့်အသတ်ဖြင့် စိစစ်ဆောင်ရွက်သွားမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမြို့တွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်အတွင်းရှိ လမ်းမအချို့ အသွားအလာအကန့်အသတ်ဖြင့် စိစစ်ဆောင်ရွက်သွားမည်

 

မန္တလေးမြို့တွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်အတွင်းရှိ လမ်းမအချို့ အသွားအလာအကန့်အသတ်ဖြင့် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးမှ သိရသည်။

COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မန္တလေးခရိုင်အတွင်းရှိ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် အမရပူရမြို့နယ်တို့အား မိမိနေအိမ်တွင်နေထိုင်ရေး( Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်ကို စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။

နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် ပါဝင်သောမြို့နယ်များ၌ နေထိုင်သည့် ပြည်သူများအနေဖြင့် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်။

(က) မိမိနေအိမ်တွင်သာ နေထိုင်ရန်

(ခ) အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊

(ဂ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊
(ယာဉ်မောင်းပါလျှင် (၂)ဦး ခွင့်ပြု)

(ဃ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊
(ယာဉ်မောင်းပါလျှင် (၃)ဦး ခွင့်ပြု)

(င) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း (mask) တပ်ရန်၊

(စ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံဆေးခန်း သွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်။
▪️▪️▪️

(၁) နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် ပါဝင်သောမြို့နယ်များရှိ အစိုးရဌာနများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများအား (၂)ပတ်ရုံးတက် (၂)ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်း ဆောင်ရွက်စေရေး အကြောင်းကြားချက် အတိုင်း ဆောင်ရွက်ရမည်။

(၂) ပုဂ္ဂလိက လုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရည်သုံး ပစ္စည်း ထုတ်လုပ်သည့်စက်ရုံတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများနှင့် ဆက်စပ်ဆောင်ရွက်ရသည့် လုပ်ငန်းများ၌ မဖြစ်မနေ တာဝန်ထမ်းဆောင်သူများသည် အလုပ်သို့ သွားလာခွင့်ရှိသည်။

(၃) ကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် ပုဂ္ဂလိကဆိမ်ကမ်းများ၊ သင်္ဘောလိုင်း ဌာနေကိုယ်စားလှယ်ရုံးများ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း (Freight Forwarder) ကုမ္ပဏီအေဂျင်စီများ၊ ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းများ၊ ဆိပ်ကမ်းပို့ကုန်/သွင်းကုန် သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဉ် ရေယာဉ်လုပ်ငန်းများ၊ ကုန်းတွင်းကုန်သေတ္တာစခန်းများ (Inland Container Depot) နှင့် ကုန်းတွင်းဆိပ်များ (Dry Port) မှ ဝန်ထမ်းများသည် အလုပ်သို့ သွားလာခွင့်ရှိသည်။

(၄) ဆက်သွယ်ရေး ဝန်ဆောင်မှုပေးရသောလုပ်ငန်းများဖြစ်သည့် စာပို့တိုက်ဝန်ဆော်ငမှုလုပ်ငန်း၊ ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုလ်ုငန်း၊ အင်တာနက်ဝန်ဆောင်မှုများ၊ တာဝါနှင့် ဖိုင်ဘာပြုပြင် ခြင်း ဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ထမ်းများသည် အလုပ်သို့ သွားလာခွင့်ရှိသည်။
(ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချခြင်း၊ ဒေတာရောင်းချခြင်းများ ခွင့်မပြု)။
▪️▪️▪️

“မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် အမရပူရမြို့နယ်တို့ဟာ မိမိနေအိမ်တွင်နေထိုင်ရေး( Stay at Home) အစီအစဉ်သာ ဖြစ်ပါတယ်။ Lockdown မဟုတ်ပါဘူး။”

“မိမိတို့ အနေဖြင့် ဂရုတစိုက် COVID-19 ကာကွယ်ရန် လမ်းညွှန်ချက်နှင့်အညီ နေထိုင်ကြမယ်ဆိုရင် COVID-19 ရောဂါကို ကာကွယ် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အရေးကြီးတာက Stay at Home နေထိုင်ရသောမြို့နယ်များရှိ ပြည်သူလူထုအနေနဲ့ ညွှန်ကြားချက်နှင့်အညီ နေထိုင်ကြပါရန် လိုအပ်ပါတယ်။”

“ပြည်သူလူထုအနေနဲ့ စိုးရိမ်ကြောင့်ကြမှု ကြီးကြီးမားမား မထားဘဲ၊ စည်းကမ်းတကျ လိုက်နာကြရန် မေတ္တာရပ်ခံအပ်ပါတယ်။ ပြည်သူလူထုအားလုံး COVID-19 ရောဂါမှ ကင်းဝေးနိုင်ကြပါစေ။ COVID-19 ရောဂါ ဖြစ်ပွားနေသူများလည်း အမြန် ပျောက်ကင်းပါစေ ဆုတောင်းအပ်ပါတယ်။”ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြည်သူလူထုသို့ အသိပေးပြောကြားသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •