မန္တလေးမြို့တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွါး၊ သေနတ်ဖြင့် ပစ်ခတ်သူအား ဖမ်းဆီးရမိပြီး စစ်ဆေးလျှက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မန္တလေးမြို့တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွါး၊ သေနတ်ဖြင့် ပစ်ခတ်သူအား ဖမ်းဆီးရမိပြီး စစ်ဆေးလျှက်ရှိ

မန္တလေးမြို့ ၂၆လမ်းနှင့် လမ်း ၈၀ ထောင့်တွင် ဇွန်လ ၂၇ ရက် ည ၁၀ နာရီကျော် အချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွါးပြီး လူတစ်ဦး ဝဲနံဘေး ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ သေနတ်ဒဏ်ရာရရှိသူသည် ဆိုင်ကယ်ဖြင့် ၂၆ လမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာစဉ် ၂၆x၈၀ လမ်းထောင့် အရောက် မီးပွိုင့်နီ၍ ဆိုင်ကယ်အား ရပ်ခဲ့ရာ အနောက်မှ ဆိုင်ကယ်ဖြင့် လိုက်ပါလာသည့် အမည်မသိ အမျိုးသား(၂)ဦးမှ နောက်မှနေ၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဝဲနံဘေး ဖောက်ဝင်ဒဏ်ရာ (၁)ချက် ရရှိကြောင်း သိရသည်။

အဆိုပါသေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်အား ရဲတပ်ဖွဲ့ဝင်များက တရားခံအမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ရာ သေနတ်ဖြင့် ပစ်ခတ်သူအားအခင်းဖြစ်ပွားပြီးနောက် တိုင်းဒေသကြီးနှင့် ခရိုင် မှုခင်းအကူဌာနစိတ်၊ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများမှ နယ်ထိန်းတပ်ဖွဲ့ဝင်များက ချက်ချင်းလိုက်လံဖမ်းဆီးရာ လမင်းနိုင်(ခ)ဝမ်းဝမ်း၊ စိုင်းသူရဦး၊ မင်းသူရိန်ခန့်တို့အား မဟာအောင်မြေမြို့နယ်တွင်ဖမ်းဆီးရမိခဲ့ပြီး သေနတ်ဖြင့်ပစ်ခဲ့သူ ရဲမာန်(ခ)ဝေယံကျော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ညောင်ပင်ဝန်းနယ်မြေရဲစခန်းအပိုင်ဖြစ်သော ဒီပဲယင်းခွဲကျေးရွာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •