မန္တလေးမြို့တွင် အုပ်စုဖွဲ့ရိုက်နှက်မှု ကျူးလွန်သည့်အဖွဲ့များ ဖော်ထုတ်ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမြို့တွင် အုပ်စုဖွဲ့ရိုက်နှက်မှု ကျူးလွန်သည့်အဖွဲ့များ ဖော်ထုတ်ဖမ်းဆီးရမိ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက်နှင့် ဟေမမာလာတောင်ရပ်ကွက်တို့တွင် အောက်တိုဘာ (၁၅)ရက်က ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ရိုက်နှက်မှု ကျူးလွန်သည့်အဖွဲ့များအား အောက်တိုဘာလ (၁၇)ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ်အတွင်းတွင် အောက်တိုဘာလ (၁၅)ရက် ည(၆:၃၀)နာရီက သံလျက်မှော်အနောက် ရပ်ကွက် ပင်မ(၁၀)လမ်းမကြီးအရှေ့ဘက် စိန်ထိုက်ဆေးဆိုင်အနီးတွင် ဟိန်းထက်ဦး (၁၃)နှစ်ခန့်သည် ဓါးဒဏ်ရာဖြင့် သေဆုံးနေ၍ အမှတ် (၇)နယ်မြေရဲစခန်းတွင်လည်းကောင်း၊ ည (၇:၃၀)နာရီတွင် ဟေမမာလာတောင်ရပ်ကွက် ၇၈×၇၉ လမ်းကြား၊ ၃၈လမ်းတွင် လူငယ်တစ်စုမှ ဓါးဖြင့်ထိုး၊ အုတ်ခဲဖြင့်ထု၊ တုတ်ဖြင့်ရိုက်၍ မောင်ပြည်ငြိမ်းချမ်း (၂၀)နှစ်၊ မောင်မြင့်ကိုကို (၁၉)နှစ်၊ မောင်ပြည့်ဇင်အောင် (၂၀)နှစ်တို့သည် ဒဏ်ရာအသီသီးရရှိ၍ အမှတ် (၉)မြို့မရဲစခန်းတွင်လည်းကောင်း အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းလှထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်တို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် အမှတ်(၇)နှင့် အမှတ်(၉)ရဲစခန်းတို့မှ စခန်းမှူးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ ရိုင်မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အလားတူ ပြစ်မှုကျူးလွန်တက်သူများအား စုံစမ်းပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက လမ်း ၈၀ × ၃၈ လမ်းမီးပွိုင့်တွင် တပ်ဆင်ထားသော CCTV ကင်မရာအား ကြည့်ရှုစစ်ဆေးရာ ပြစ်မှုကျူးလွန်သူများ စီနင်းသွားသည့် HONDA CLICKဆိုင်ကယ်အမှတ်အား ရရှိဖော်ထုတ်ခဲ့ရာ အောင်မင်းခန့်(ခ)အငယ်ကောင် (၁၆)နှစ်ခန့် ဇင်ဘိုအောင်(ခ)ကိုဇင် (၁၈)နှစ်ခန့်တို့အား အောက်တိုဘာလ (၁၇)ရက်နေ့ နံနက် (၀၀:၃၀)နာရီတွင် ဖမ်းဆီးရမိခဲ့ပြီး ထွက်ဆိုချက်များအရ အုပ်စုဖွဲ့ဆက်တိုက်ပြစ်မှုကျူးလွန်သူ ပြည့်ဖြိုးအောင်ပါ (၁၄)ဦးအား အမှတ် (၇)နယ်မြေရစခန်း (ပ)၄၆၇/၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၀၂ဖြင့်လည်းကောင်း၊ ဇင်ဘိုအောင် (ခ)ကိုဇင်ပါ (၂၀)ဦးအား အမှတ် (၉)မြို့မရဲစခန်း (ပ)၆၃၇/၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ -၃၂၆/၃၂၄/၃၂၃/၁၁၄ တို့ဖြင့်လည်းကောင်း အသီးသီးဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်


Spread the love
  •  
  •  
  •  
  •  
  •  
  •