မန္တလေးမြို့တွင် Covid-19 ရောဂါကုသရေးဌာန ကုတင်(၃၀၀)ဆံ့ ဧရာဝတီစင်တာကို စတင်တည်ဆောက်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမြို့တွင် Covid-19 ရောဂါကုသရေးဌာန ကုတင်(၃၀၀)ဆံ့ ဧရာဝတီစင်တာကို စတင်တည်ဆောက်လျက်ရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဦးဆောင်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းသည် မန္တလေးမြို့တွင် HDU နှင့် Oxygen Therapy ကုတင်(၁၀၀) ပါဝင်သည့် ကုတင်(၃၀၀)ဆံ့ Covid-19 ရောဂါကုသရေးဌာန (ချမ်းမြသာစည်)၊ ဧရာဝတီစင်တာကို စတင်တည်ဆောက်လျက်ရှိပါသည်။

ဧရာဝတီစင်တာ တည်ဆောက်ရေးအတွက် ပြည်ပမှမှာယူတင်သွင်းခဲ့သော Tent များ၊ ဆေးရုံသုံးကုတင်နှင့် ဆက်စပ်ပစ္စည်းများလည်း ရောက်ရှိနေပြီဖြစ်ပြီး Covid-19 ရောဂါပိုးရှိမရှိ စစ်ဆေးပေးနိုင်မည့် Test & Care စင်တာတစ်ခုလည်း ပါဝင်မည် ဖြစ်ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •