မန္တလေးမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိန်းသောင်းချီတန်သောမြေကိုလှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိန်းသောင်းချီတန်သောမြေကိုလှူဒါန်း

(၅၉)လမ်းနှင့် (၆၀)လမ်းကြားတွင် နဒီမြောင်းရှိပြီး (၄၁)လမ်းသည် နဒီမြောင်း၏ ကမ်းနှစ်ဖက်ရှိ တိုက်တာအိမ်မြေများရှိခြင်းကြောင့် အရှေ့အနောက် တိုးလျှိုမပေါက်ပဲ ရှိနေခဲ့ပါတယ်။

လမ်းပိတ်နေပြီး အသွားအလာခက်ခဲနေတာကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဦးကျော်ဇောအောင်က မြေပိုင်ရှင်များကိုတွေ့ဆုံစည်းရုံးဆွေးနွေးရာမှ မြေပိုင်ရှင်များမှ လိုလိုလားလားလှူဒါန်းဖို့သဘောတူခဲ့တာပါ။

 

ဦးဝန်ရှန်ရှူးက နဒီမြောင်းအနောက်ဖက်ရှိ ပေ(၄၀)x (၁၈၀)ကျယ်သောမြေနှင့် ဒေါ်ရင်ရင်ဖန်က နဒီမြောင်းအရှေ့ဖက်ရှိ ပေ(၄၀)x (၈၀)ကျယ်သောမြေ၊ လှူဒါန်းမြေများ၏တန်ဖိုးမှာ သိန်းပေါင်း (၂၀၀၀၀)ကျော်တန်ဖိုးရှိတယ်လို့သိရပါတယ်။

 

လှူဒါန်းကြသည့် အလှူရှင်မိသားစုများအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ လေးစားအသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင်ထားရှိတယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ facebook စာမျက်နှာမှာ ဖော်ပြ
ထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •