မန္တလေးမြို့မှ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများအားလုံး ပြေးဆွဲခွင့် ယာယီပိတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမြို့မှ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများအားလုံး ပြေးဆွဲခွင့် ယာယီပိတ်

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မန္တလေးမြို့မှ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်းများအားလုံးကို စက်တင်ဘာ ၁၀ ရက် ၁၂ နာရီကစပြီး ပြေးဆွဲခွင့် ယာယီပိတ်လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သတင်းရရှိသည်။

မန္တလေးမြို့မှ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်း (၄၀၀)ကျော်ရှိကြောင်း သိရသည်။

KH
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •