မန္တလေးမြို့ မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမြို့ မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲပေး

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(၂၈)ရှိ မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုးအဘွားများက ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၃၁ ရက်ကစတင်၍ အဆိုပါ ဘိုးဘွားရိပ်သာအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုး(၁၄)ဦး၊ အဘွား(၅၈)ဦး စုစုပေါင်း(၇၂)ဦးနှင့် ဘိုးဘွားရိပ်သာဝန်ထမ်းများ၏ မိဘများဖြစ်ကြသော အသက်(၆၀) နှစ်နှင့် အထက်ရှိသူ ကျား(၃)ဦး၊မ(၅)ဦး စုစုပေါင်း (၈)ဦးတို့က ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြသည်။

အဆိုပါ အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ဥပုသ်တော်ရပ်ကွက် ကြိုတင်ဆန္ဒမဲကောက်ယူရေးအဖွဲ့များက ဘိုးဘွားရိပ်သာအတွင်းသို့ သွားရောက်ဆောင်ရွက် ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


Spread the love
  •  
  •  
  •  
  •  
  •  
  •