မန္တလေးမြို့ ဟိုတယ်တစ်ခု၏ ၂၇ ထပ်တွင် မှန်တံခါးများကွဲနေ၍ တက်ရောက်လဲလှယ်ရာမှ ပုခက်ကြိုးပြတ်ကျပြီး အမျိုးသားသုံးဦးသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမြို့ ဟိုတယ်တစ်ခု၏ ၂၇ ထပ်တွင် မှန်တံခါးများကွဲနေ၍ တက်ရောက်လဲလှယ်ရာမှ ပုခက်ကြိုးပြတ်ကျပြီး အမျိုးသားသုံးဦးသေဆုံး

 

မန္တလေး၊ အောက်တိုဘာ ၂၈

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် အောက်တိုဘာလ (၂၈)ရက် (၁၆:၁၀)နာရီက မဟာအနာက်ရပ်ကွက်ရှိ အကွက် (၅၂၄) စံဝင်းရပ် ၈၄ × ၈၅လမ်းကြား  ၃၉ × ၄၀လမ်းကြားရှိ Grand Park Hotel  ၂၇ထပ်တွင် မှန်တံခါးများ ကွဲနေ၍ တက်ရောက်လဲလှယ်ရာမှ ပုခက်ကြိုးပြတ်ကျပြီး သုံးဦးသေဆုံးခဲ့ကြောင်း စုံစမ်းစစ်ဆေးချက်များအရ သိရှိရသည်။

 

ဖြစ်စဉ်မှာ (၁၆:၁၅) နာရီအချိန်တွင် Grand Park Hotel ဝန်းအတွင်း လူသုံးဦးသေဆုံးကြောင်း သတင်းရ၍ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ အမှတ် (၇)ရဲစခန်း စခန်းမှူး ရဲအုပ်ဇော်ဝေလင်း၊ တာဝန်မှူး ဒုရဲအုပ် ဂျူးမေဇင်နိုင် နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် သိန်းဇော်ဦးနှင့်တာဝန်ရှိသူများ၊ အဟာအနောက်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိ သူများသည် သွားရောက်ကြည့်ရှုစစ်ဆေးရာ ဦးသက်နိုင် အသက်(၅၀)နှစ်ခန့်၊ အသက် (၁၉)နှစ်ခန့်ရှိ မောင်အာကာ သားဖနှစ်ဦးနှင့် ဦးဆန်းဝင်း (၄၀)နှစ်ခန့်တို့ သေဆုံးနေကြောင်း တွေ့ရှိရ၍ မဟာလူမှုကူညီရေးအသင်းယာဉ် (၃)စီးဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ အမျိုးသား (၃)ဦးနှင့်အတူ အလုပ်အတူတူလုပ်ကိုင်ခဲ့သည် ဦး————(၃၉)နှစ်နှင့် သေဆုံးသူ ဦးသက်နိုင်၏သား မောင်———(၁၇)နှစ်တို့ကို စစ်ဆေးရာ ယင်းတို့ (၅)ဦးသည် (၀၉:၀၀)နာရီမှ စတင်၍ Grand Park Hotel၏ (၂၇)ထပ်ရှိ မှန်တံခါးများကွဲနေ၍ တက်ရောက်လဲလှယ်ရာမှ ပုခက်ကြိုးပြတ်ကျပြီး (၁၆:၁၀)နာရီတွင် ဦးသက်နိုင်၊ မောင်အာကာနှင့် ဦးဆန်းဝင်းတို့ (၃)ဦးသည် ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးချက်များအရ သိရသည်။ 

ထွန်းထွန်းနိုင်


Spread the love
  •  
  •  
  •  
  •  
  •  
  •