မန္တလေးမှာလိုအပ်ပါက ကိုဗစ်-၁၉ လူနာများ ထားရှိရန် ပြင်ဆင်ထားမှုအခြေအနေ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွင်းဆင်းစစ်ဆေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မန္တလေးမှာလိုအပ်ပါက ကိုဗစ်-၁၉ လူနာများ ထားရှိရန် ပြင်ဆင်ထားမှုအခြေအနေ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်

ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက မန္တလေးမြို့ ကုတင် (၃၀၀)ဆံ့ သင်ကြားရေးဆေးရုံသို့ သွားရောက်၍ လိုအပ်လာပါက ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ထားရှိရန် ပြင်ဆင်ထားမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးကြပြီး တာဝန်ထမ်းဆောင်ကြမည့်သူများအား အားပေးစကားပြောကြားခဲ့သည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၈၈)ဦး ရှိနေပြီဖြစ်ပြီး ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား ကန်တော်နဒီဆေးရုံနှင့် သက်ဆိုင်ရာမြို့နယ်ရှိဆေးရုံအချို့တွင် ထားရှိကာ ဆေးကုသမှုပေးလျက်ရှိသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •