မန္တလေးမှာ ကိုဗစ်ဒုတိယလှိုင်း စနေပြီ၊Total lockdown မလုပ်စေချင်ရင် စည်းကမ်းလိုက်နာကြဖို့ မြို့တော်ဝန် သတိပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမှာ ကိုဗစ်ဒုတိယလှိုင်း စနေပြီ၊Total lockdown မလုပ်စေချင်ရင် စည်းကမ်းလိုက်နာပေးကြပါလို့ မြို့တော်ဝန် သတိပေး

 

မလိုအပ်ပဲ အိမ်အပြင်မထွက်ပါနဲ့တော့
မန္တလေးမှာ ကိုဗစ်ဒုတိယလှိုင်း စနေပါပြီ
••••••••••••••••••••••••••••••••••••••••••••••
ဒုတိယလှိုင်းမှာ မနေ့ကအထိ မန္တလေးတိုင်းဒေသကြီး ပိုးတွေ့လူနာ အယောက်၈၈ ရှိနေပါပြီ။

အောင်မြေသာစံမြို့နယ် ၃ ယောက်
ချမ်းအေးသာစံမြို့နယ် ၅ ယောက်
မဟာအောင်မြေမြို့နယ် ၂ ယောက်
ချမ်းမြသာစည်မြို့နယ် ၃ ယောက်
အမရပူရမြို့နယ် ၁၀ ယောက်
ပုသိမ်ကြီးမြို့နယ် ၃ ယောက်ပါ။

ပိုးတွေ့လူနာ ၆ ယောက်လုပ်နေတဲ့ မန်းမြန်မာပလာဇာအပါအဝင် စျေးချို၊ တိုက်တန်းကြီး၊ စျေးချိုပလာဇာ၊ ရတနာပုံစျေးနဲ့ အမရပူရ နန်းရတနာ ကပ်ကျော်စျေးတွေကို ပစ္စည်းတွေသိမ်းခိုင်းပြီး မနက်ဖြန်ကစပြီး ယာယီပိတ်ခိုင်းထားပါပြီ။

လူစုလူဝေးဖြစ်တဲ့နေရာတွေမို့ပါ။

ကိုဗစ်ကာလမှာ mask ကသိပ်အရေးကြီးတာမို့လို့ mask တပ်ပြီးစားလို့သောက်လို့ မရတဲ့ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဘီယာဆိုင်တွေကို ဆိုင်ထိုင်သောက်ခွင့်မပြုတော့ပဲ ပါဆယ်စနစ်သာ ပြန်ကျင့်သုံးခိုင်းပါပြီ။

စည်ပင်လိုင်စင်နဲ့ဖွင့်ထားတဲ့ တည်းခိုခန်း၊ မိုတယ် နဲ့ အင်းတွေကိုလည်း စတင်ပိတ်ပါပြီ။

 

ခရီးသည်တင်လိုင်းကားများလည်းပိတ်ပြီးပါပြီ။

လူတိုင်းလူတိုင်းလိုက်နာရမှာက
မလိုအပ်ပဲ အိမ်ပြင်မထွက်ပါနဲ့၊
မဖြစ်မနေမို့လို့ ထွက်ဖို့လိုရင်တောင် mask အချိန်ပြည့်တပ်ပါ၊
လူစုလူဝေးရှောင်ပါ၊
မကြာခဏလက်ဆေးပါ၊
ခပ်ခွာခွာနေပါ၊

လမ်းပေါ်မှာ မျှော်မှန်းထားသလောက် လူတွေနည်းမသွားသေးပါဘူး။

ဒုတိယလှိုင်းက ပိုကြောက်စရာကောင်းတယ်ဆိုတာ ရခိုင်နဲ့ ရန်ကုန်က သက်သေပြသွားပါပြီ။

Total lockdown မလုပ်စေချင်ရင် စည်းကမ်းလိုက်နာပေးကြပါ။

ပြည်သူတွေပူးပေါင်းပါဝင်ပေးမှ ဒုတိယလှိုင်းကို ကျော်ဖြတ်နိုင်မှာပါ။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •