မန္တလေးမှာ ညမထွက်ရအမိန့် လိုက်နာရန် ပျက်ကွက်သူများအား အလုပ်မဲ့ ထောင်ဒဏ် တစ်လစီ ပြစ်ဒဏ်ချ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမှာ ညမထွက်ရအမိန့် လိုက်နာရန် ပျက်ကွက်သူများအား အလုပ်မဲ့ ထောင်ဒဏ် တစ်လစီ ပြစ်ဒဏ်ချ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်အတွက် နေ့စဉ် ည( ၁၂)နာရီမှ နံနက် (၄)နာရီအတွင်း ညမထွက်ရ Curfew အမိန့်ကို ထုတ်ပြန်ထားရှိရာ ယင်းအမိန့်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထပ်ဆင့်အမိန့်ထုတ်ပြန်ထားရှိပြီး တာဝန်ရှိသူများမှ နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ဩဂုတ် ၃၁ ရက် ည (၁၂)နာရီမှ စက်တင်ဘာ ၁ ရက် နံနက် (၄)နာရီအတွင်း ချမ်းအေးသာစံမြို့နယ်တွင် (၁၃)ဦး၊ အောင်မြေသာစံမြို့နယ်တွင် (၉)ဦး၊ မဟာအောင်မြေမြို့နယ်တွင် (၁၀)ဦး၊ ချမ်းမြသာစည်မြို့နယ် (၁)ဦး၊ ပြည်ကြီးတံခွန်မြို့နယ် (၉)ဦး၊ အမရပူရမြို့နယ် (၈)ဦးနှင့် ပုသိမ်ကြီးမြို့နယ်တွင် (၇)ဦးတို့အား ညမထွက်ရအမိန့်ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးကာ အလုပ်မဲ့ ထောင်ဒဏ် တစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
A Lin Nge
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •