မန္တလေးမှာ COVID-19 ဓာတ်ခွဲစစ်ဆေးမှု မကြာခင်စတင်ဆောင်ရွက်နိုင်တော့မယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊အလှူရှင်များအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန နဲ့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတို့ ပူးပေါင်းကြိုးစားအားထုတ်မှုရဲ့ ရလာဒ်ပါ။
အခက်အခဲပေါင်းများစွာကိုကျော်လွှားခဲ့ရပါတယ်။

ဓာတ်ခွဲခန်းအတွက် အဆောက်အဦနေရာရရှိရေး၊ ရရှိတဲ့ အဆောက်အဦကို စံသတ်မှတ်ချက်များနဲ့အညီပြုပြင်ခြင်း၊ လိုအပ်တဲ့ ဓာတ်ခွဲခန်းသုံးပစ္စည်းများ နဲ့ အထောက်အကူပြု ပစ္စည်းများရှာဖွေဝယ်ယူစုဆောင်းခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ စေလွှတ်၍အတွေ့အကြုံများရယူစေခြင်း အပါအဝင် အဆင့်ပေါင်းများစွာကိုကျော်ဖြတ်ခဲ့ရတာပါ။

Real-time RT-PCR စက်ကို ပံ့ပိုးပေးသော ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန နဲ့ နည်းပညာပိုင်ဆိုင်ရာများကို ကူညီပေးသော အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတို့ကို ကျေးဇူးအထူးတင်ပါတယ်။

အဓိကအကျဆုံးနဲ့ အရေးအကြီးဆုံးကတော့ စေတနာပြတ်သားလွန်းတဲ့ ရံပုံငွေရှာဖွေရေးကော်မတီကိုလှူဒါန်းတဲ့ အလှူရှင်များပါ။
RT-PCR Center ပေါ်ပေါက်လာဖို့ လိုအပ်တာမှန်သမျှအားလုံးကို ရက်ရက်ရောရော လှူတဲ့အပြင် အလှူရှင်များကိုယ်တိုင် ဒုတိယစက်ပစ္စည်းတစ်စုံကို ထပ်မံမှာထားတာ မကြာခင်ရောက်လာပါမယ်။

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးမှာ အဓိကအကျဆုံးက ဓာတ်ခွဲအတည်ပြုလူနာ ဆောလျှင်စွာ ရှာဖွေနိုင်မှုပါ။
များများရှာနိုင်ပြီး စောစောတွေ့ မှ ရောဂါထိန်းချုပ်မှုကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်မှာပါ။


Credit – Ye Lwin


Spread the love
  •  
  •  
  •  
  •  
  •  
  •