မန္တလေးသို့ ရခိုင်ပြည်နယ်မှ ရောက်ရှိသူများအားလုံး Facility Quarantine (၂၁)ရက် ထားရှိမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးသို့ ရခိုင်ပြည်နယ်မှ ရောက်ရှိသူများအားလုံး Facility Quarantine (၂၁)ရက် ထားရှိမည်

COVID-19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးတို့အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်နှင့် ကျေးရွာများသို့ ရခိုင်ပြည်နယ်မှ ရောက်ရှိသူများအားလုံး Facility Quarantine (၂၁)ရက် ထားရှိဆောင်ရွက်သွားရန် မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး ကော်မတီက ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

 

ထို့ပြင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိသူများအားလုံး Community Based Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက် ထားရှိဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်သည်။

(၂၂-၈-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၄၃၅) ဦး ရှိပါသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •