မန္တလေးအာဇာနည်နေ့ အခမ်းအနားကို COVID-19 ကာလ ညွှန်ကြားချက်များနှင့်အညီ အကျဉ်းချုံးကာ ဆောင်ရွက်သွားမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

(၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို COVID-19 ကာလ ညွှန်ကြားချက်များနှင့်အညီ အကျဉ်းချုံးကာ ဆောင်ရွက်သွားမည်

၂ဝ၂ဝပြည်နှစ်၊ (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို မန္တလေးမြို့တွင် အာရုံဆွမ်းဆက်ကပ်ခြင်းကို မြို့တော်ခန်းမနှင့် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းအစီအစဉ်ကို မန္တလာသီရိအားကစားကွင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် (COVID-19) ကူးစက်ရောဂါကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ ဗဟို၏ညွှန်ကြားချက်များအတိုင်း အကျဉ်းချုံးကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

“(၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အကျဉ်းချုံးပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားရပါမယ်၊ ကိုဗစ်ကာလဖြစ်တဲ့အတွက် ကိုဗစ်ကာလရဲ့ သတ်မှတ်စည်မျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ အရင်တုန်းကလို ခမ်းခမ်းနားနားနဲ့ ကျင်းပလို့မရပါဘူး၊ အကျဉ်းချုံးပြီး ကျင်းပဖို့ဘဲဖြစ်ပါတယ်၊ နယ်တွေ၊ ခရိုင်တွေမှာလည်း အကျဉ်းချုံးပြီးကျင်းပဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ရပါမယ်၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ မန္တလေးမြိ့တော်အင်္ဂါရပ်နဲ့ အညီကျင်းပစေချင်ပါတယ်၊ အကျဉ်းချုံးလည်းဖြစ်ရပါမယ်၊ အများပြည်သူတွေ၊ အဖွဲ့အစည်းအသီးသီးက တက်ရောက်ခဲ့ရင်လည်း Social/Physical Distancing အနေအထားဖြင့် အလေးပြုနိုင်တဲ့နေရာလည်း ဖြစ်ရပါမယ်၊ပြီးခဲ့တဲ့နှစ်ကလို ဖိတ်ကြားတဲ့လူဦးရေကိုလည်း ထက်ဝက်လျှော့ချသွားမှာပါ၊ ဗဟိုရဲ့ညွှန်ကြားချက်အတိုင်းစီစဉ်ဆောင်ရွက်ရပါမယ်”ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

၂ဝ၂ဝပြည့်နှစ်၊ (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တိုင်းဒေသကြီး/ခရိုင်/မြို့နယ်တို့ရှိ ပြင်ပနေရာများဖြစ်ကြသည့် ဗိုလ်ချုပ်ကြေးရုပ်တုများ ရှိသည့်နေရာများ၌ ပြုလုပ်မည့်အစီအစဉ်များကိုလည်း (COVID-19)ကူးစက်ရောဂါကာကွယ်၊တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာအမိန့်၊ ညွှန်ကြားချက်၊ စည်း ကမ်းချက်များနှင့်အညီ လူဦးရေလျှော့ချခြင်း၊ Mask များတပ်ဆင်စေခြင်း၊ အဝင်များတွင် ခန္ဓာကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •