မန္တလေး၊ မြနန်းစံကျော် ရွှေနန်းတော်အတွင်း အမြောက်ပြတိုက်ဖွင့်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမြို့၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် မြနန်းစံကျော် ရွှေနန်းတော်ပရိဝုဏ်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် အမြောက်ပြတိုက်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်
=====================
နေပြည်တော် ၊ ဩဂုတ် – ၂၈

မန္တလေးမြို့၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် မြနန်းစံကျော် ရွှေနန်းတော်ပရိဝုဏ်အတွင်း၌ ရှေးဟောင်းအမွေအနှစ် သမိုင်းဝင်အမြောက်များအား တစ်နေရာတည်းတွင်တစ်စုတစ်စည်းတည်း အများပြည်သူများလေ့လာနိုင်စေရန်ရည်ရွယ်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်ဖြင့် စစ်အင်ဂျင်နီယာတပ်ဖွဲ့နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ ပူးပေါင်းတည်ဆောက်ပြီးစီးခဲ့သည့် အလျား ၉၆ ပေ၊ အနံ ၇၇ ပေ၊ အမြင့် ၅၂ ပေ ၆ လက်မရှိ RC တစ်ထပ်အမြောက်ပြတိုက်ဖွင့်လှစ်ခြင်းနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါအမြောက်ပြတိုက်၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်၊ တိုင်းစစ်ဌာနချုပ်နှင့် မန္တလေးတပ်နယ်မှ တာဝန်ရှိသူများ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

သတင်းအပြည့်အစုံ–http://dsinfo.org/node/351


Spread the love
  •  
  •  
  •  
  •  
  •  
  •