မန္တလေး ကုန်စည်ဒိုင်ကို စက်တင်ဘာ ၂၁ ရက်မှ စတင်၍ ယာယီပိတ်ထားမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေး ကုန်စည်ဒိုင်ကို စက်တင်ဘာ ၂၁ ရက်မှ စတင်၍ ယာယီပိတ်ထားမည်

COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၈၆ လမ်း၊ ၃၂ လမ်း နှင့် ၃၃ လမ်းကြားရှိ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်)ကို စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း အလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

 

ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)တွင် အသင်းဝင်များအနေဖြင့် မိမိတို့နေအိမ်မှ အရောင်းအဝယ်ပြုလုပ်လိုလျှင် အသင်းက ဖွင့်လှစ်ထားသည့် Viber Group တွင် ဝင်ရောက်၍ အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်းနှင့် အသင်းတိုက်ရှေ့ မျက်နှာစာတွင် အရောင်းအဝယ် မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •