မန္တလေး ဈေးချိုတော် ပြန်လည်ဖွင့်လှစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19 ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် ယာယီပိတ်ထားသော မန္တလေးမြို့ ဈေးချိုတော်ကို မေလ ၂၂ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း စျေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။

ဈေးချိုတော် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ပြင်ဆင်ထားမှုအခြေအနေ စစ်ဆေးခြင်းကို မေလ ၁၈ ရက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

စျေးချိုတော် စျေးဖွင့်ချိန် မနက် (၈) နာရီမှ ညနေ (၄) နာရီထိသတ်မှတ်ထားပြီး စျေးသူ/ စျေးသားများနှင့် စျေးဝယ်များ လိုက်နာရမည့် စည်းကမ်းချက်များကို ထပ်မံကြေငြာပေးမည်ဖြစ်ကြောင်း စျေးအကျိုးတော်ဆောင်အဖွဲ့ထံက သိရသည်။

 

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •