မန္တလေး ပညာရေးဒီဂရီကောလိပ်ရှိ အဆောင်သစ်ကို ကုတင် (၁၆၀) ဆံ့ Quarantine Center ဖွင့်လှစ်ရန် ကြိုတင်စီမံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေး ပညာရေးဒီဂရီကောလိပ်ရှိ အဆောင်သစ်ကို ကုတင် (၁၆၀) ဆံ့ Quarantine Center ဖွင့်လှစ်ရန် ကြိုတင်စီမံဆောင်ရွက်လျက်ရှိ

မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူနှင့် ထိတွေ့ဆက်နွယ်သူများ များပြားလာသည့်အတွက် ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများကို အသွားအလာ ကန့်သတ်စောင့်ကြည်နိုင်ရန် ချမ်းအေးသာစံမြို့နယ်၊ ၆၅×၆၆လမ်းကြား၊ ၃၂×၃၃လမ်းကြားရှိ မန္တလေး ပညာရေးဒီဂရီကောလိပ်ရှိ အဆောင်သစ်ကို ကုတင် (၁၆၀) ဆံ့ Quarantine Center ဖွင့်လှစ်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုတင်စီမံဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

“ယခု ဆောင်ရွက်မယ့် စင်တာဟာ အတည်ပြုလူနာများနဲ့ ထိတွေ့ ဆက်စပ်မိသူတွေကို ထားရှိသွားဖို့ အတွက်ပါ၊ မန္တလေးခရိုင်အတွင်းမှာလည်း မြို့နယ်အလိုက် ရောဂါပိုး တွေ့ရှိသူတွေနဲ့ ထိတွေ့ ဆက်နွှယ်သူတွေ များပြားလာတဲ့အတွက်ကြောင့်လည်း လိုအပ်ချက်အရ နေရာတွေ ရှာဖွေပြီး Quarantine Center တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စံချိန်စံညွှန်းနှင့်အညီ တိုးချဲ့ပြင်ဆင်မူလုပ်ငန်းတွေကို စီမံ ဆောင်ရွက်ကြတာပါ။ ဒီစင်တာ အဆောင်အတွင်းမှာ ပိုးတွေ့လူနာနဲ့ ထိတွေ့ ဆက်စပ်သူ ဦးရေ ၁၆၀ ဦးခန့် ထားရှိနိုင်မယ့် နေရာ အခြေအနေ ၊ အခန်း ဖွဲ့စည်းပုံ၊ ကျန်းမာရေးသုံး ပစ္စည်းကိရိယာတွေ နေရာထိုင်ခင်း အစားအ သောက်၊ လေဝင်လေထွက်နဲ့ အဝင်အထွက် လမ်းတွေ စနစ်တကျရှိဖို့၊ သန့်စင်ခန်းနဲ့ ရေရရှိနိုင်မူ အခြေအနေတွေကို မန္တလေးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုန့်ပြန်ရေး ကော်မတီက တာဝန်ရှိသူတွေနဲ့ အတူ ပေါင်းစပ် ညှိနိူင်းခဲ့ပါတယ်။”ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာလ ၂၀ ရက် နံနက် ၁၁ နာရီက Quarantine Center ဖွင့်လှစ်မည့် မန္တလေး ပညာရေးဒီဂရီကောလိပ်ရှိ အဆောင်သစ်အား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် ကိုဗစ်ရောဂါပိုး ကူးစက် မခံရအောင် အထူးဂရုစိုက်ကြရန်နှင့် ကိုဗစ် ၁၉ ရောဂါကို အားလုံး တက်ညီလက်ညီနဲ့ ဝိုင်းဝန်း ကာကွယ် တိုက်ဖျက်ကြရင် အောင်မြင်မှာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းထားသည်။
( Ah Lin Nge )
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •