မန္တလေး မဟာမုနိ ရုပ်ရှင်တော်ဘုရားကြီးကို 3D Scan ဖတ်။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Life and Challenge Co., Ltd. အနေဖြင့် မြန်မာနိုင်ငံတွင် 3D နည်းပညာတွင်ကျယ်စွာအသုံးပြုနိုင်ရေးကိုရည်မှန်းပြီးတော့ 3D Design ရေးဆွဲခြင်း၊ 3D Scanner များအသုံးပြုပြီး Scanning ပြုလုပ်ပေးခြင်းစတဲ့ ဝန်ဆောင်မှု လုပ်ငန်းများကို ၂၀၁၂ မှ စတင်၍ လုပ်ဆောင်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ 3D Technology ဆိုင်ရာ လုပ်ငန်း ခွဲBrand တစ်ခုဖြစ်တဲ့ 3D Myanmar – Design and Prototyping Solution အနေနဲ့ ၂၀၂၀ မတ်လမှာ
မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်ဘုရားကြီးရဲ့ ဂေါပကအဖွဲ့ ဥက္ကဋ္ဌကြီးမှ ဖိတ်ကြားတာဝန်ပေးချက်အရ ဘုရားကြီးကို ကိုယ်လုံးတော်ပြည့် 3D Scanning လုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

သမိုင်းမှတ်တမ်းအရ တန်ဖိုး မဖြတ်နိုင်တဲ့ ဘုရားကြီးရဲ့ လက်ရှိအနေအထားအတိုင်း 3D ပုံရိပ်ကို 3D Scanner များအသုံးပြုပြီး အကောင်းဆုံးပြုလုပ်ပူဇော်ခွင့်ရခဲ့ပါတယ်။ ရည်ရွယ်ချက် အတိုင်း ဘုရားကြီးရဲ့ မူလ ဆင်းတုတော်အပေါ်မှာ ကပ်လှူထားတဲ့ ရွှေသားအလေးချိန်ပမာဏကို ခန့်မှန်းတွက်ချက်နိုင်ရေးအတွက် ရရှိနိုင်ခဲ့သော သမိုင်းအထောက်အထားများကိုအခြေခံကာ ဘုရားကြီးရဲ့ မူလဆင်းတုတော်ပုံကို 3D Design နည်းပညာအသုံးပြု ဖန်တီးခဲ့ပြီး လက်ရှိရွှေသားထုထည်ပမာဏကို အနီးစပ်ဆုံးခန့်မှန်းတွက်ချက်ပေးနိုင်ခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်း စိတ်နှလုံးအေးချမ်းစွာ ဖူးမြှော်ကြည်ညိုနိုင်ကြစေရန် ရည်သန်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအဆင့်ဆင့်နဲ့ ဘုရားကြီးရဲ့ 3D ပုံရိပ်များကို ဝေမျှအပ်ပါတယ်။ ပုံတစ်ပုံချင်းစီမှာ အညွန်းစာသားများကို ထည့်သွင်းပေးထားပါတယ်။

(အသေးစိတ်လေ့လာလိုပါက မူရင်းလင့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မူရင်းလင့် – https://www.facebook.com/1517637665117912/posts/2610045669210434/

Source – 3D Myanmar


Spread the love
  •  
  •  
  •  
  •  
  •  
  •