မန္တလေး-မုံရွာ ကားလမ်းမကြီးမှာ ယာဉ်တိုက်မှုဖြစ်ပြီး ၁ ဦးသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မန္တလေး-မုံရွာ ကားလမ်းမကြီးမှာ ယာဉ်တိုက်မှုဖြစ်ပြီး
၁ ဦးသေဆုံး

၈.၇.၂၀၂၀ ရက်နေ့၊ညနေ ၃ နာရီ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စိန်ကုန်းရပ်ကွက်၊ မန္တလေး-မုံရွာ ကားလမ်းမကြီးတွင် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားရာမှာလူညပ်နေကြောင်းသတင်းရရှိသဖြင့် စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါတယ်။

အဲဒီ ယာဥ်တိုက်မှုမှာကျား(၁)ဦးသေဆုံးပြီး ကျား(၁) ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား သုခကာရီလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်များဖြင့် စစ်ကိုင်းမြို့ ကုတင် ၂၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •