မန္တလေး မှာ ကိုဗစ်ဆေးစစ်ချက်အတုများ ဖမ်းမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေး မှာ ကိုဗစ်ဆေးစစ်ချက်အတုများ ဖမ်းမိ

အမရပူရမြို့နယ်၊ ရတနာပုံတံတားထိပ် စစ်ဆေးရေးဂိတ်တွင် အမရပူရမြို့နယ် ဆရာဝန်ကြီး၏ လက်မှတ်များပါရှိသော ဆေးစာအလွတ်များ(လက်မှတ်အတု) ကိုင်ဆောင်သူအား စစ်ဆေးတွေ့ရှိ

မန္တလေးမြို့ အမရပူရမြို့နယ်၊ ရတနာပုံတံတားထိပ် စစ်ဆေးရေးဂိတ်တွင် မန္တလေးတိုင်းအတွင်းသို့ ဝင်/ထွက်သွားလာသော ယာဥ်များအား စစ်ဆေးဆောင်ရွက်စဉ် ယနေ့(ဒီဇင်ဘာ ၆ ရက်) နံနက် ၈:၄၅ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ လာသော ယာဥ်အမှတ် BGO 2M/ ….. ( ၆) ဘီးအ​ဖြူရောင်ယာဥ်အား စစ်ဆေးရာ အမရပူရမြို့နယ် ဆရာဝန်ကြီး၏ လက်မှတ်များပါရှိသော ဆေးစာအလွတ်များ (လက်မှတ်အတု) ကိုင်ဆောင်ထားသူအား စစ်ဆေးတွေ့ရှိကြောင်း အမရပူရမြို့နယ် အထွေထွေအုပ်လျုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

အမရပူရမြို့နယ် ဆရာဝန်ကြီး၏ လက်မှတ်များပါရှိသော ဆေးစာအလွတ်များ (လက်မှတ်အတု) ကိုင်ဆောင်ထားသူ ကျော်မိုး (အသက် ၃၆နှစ်) ဝမ်းတွင်းမြို့နယ်နေသူအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •