မန္တလေး-လားရှိုးလမ်း၊ မိုင်တိုင်အမှတ် (၆၄/၆၅)ကြားမှာ ၁၂ဘီးကားနှစ်စီးခေါင်းချင်းဆိုင်တိုက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

၁၆.၈.၂၀၂၀ ရက်နေ့၊ (၀၆ ၃၀)အချိန်ခန့်၊ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကုန်းကြီးရွာမအုပ်စု၊ ရေဝင်ကျေးရွာအနီး၊ မန္တလေး-လားရှိုးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၆၄/၆၅)အကြားတွင် မူဆယ်မှ မန္တလေးဘက်သို့မောင်းနှင်လာသော NISSAN အမျိုးအစား အနီရောင်(၁၂)ဘီးယာဉ်နှင့် မန္တလေးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသောFUSO အမျိုးအစား (အဖြူရောင်) (၁၂)ဘီးယာဉ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ပါတယ်။

 

အခင်းဖြစ်ပွားရာသို့ နောင်ချိုမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဘန့်ဘွေးအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း(၂)ဦးနှင့် ယာဉ်နောက်လိုက် (၃)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား ဂရုဏာ(ဘန့်ဘွေး)လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့တယ်လို. သိရပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •