(မန္တလေး) ဧရာဝတီစင်တာတွင် ICU & HDU တည်ဆောက်ပြီးစီးမှုကို ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွင်းဆင်းစစ်ဆေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန(မန္တလေး) ဧရာဝတီစင်တာတွင် ကိုဗစ်ရောဂါ ပြင်းထန်လူနာများအတွက် ကုသပေးနိုင်မည့် ICU & HDU တည်ဆောက်ရေးလုပ်ငန်းများပြီးစီးမှုကို ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွင်းဆင်းစစ်ဆေး

ကိုဗစ်-၁၉ရောဂါ ပြင်းထန်လူနာ ၁၀၀ဦးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ကုသဆောင်ရွက်ပေးနိုင်မည့် နေရာကို မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (မန္တလေး) ဧရာဝတီစင်တာအတွင်း၌ တည်ဆောက်လျက်ရှိရာ နိုဝင်ဘာ ၁၄ရက် နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး ဝန်းကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီတာဝန်ရှိသူများနှင့်အတူ အဆိုပါ ဧရာဝတီစင်တာ အတွင်းရှိ ICU&HDU တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှု အခြေအနေများကို သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန(မန္တလေး) ဧရာဝတီစင်တာသို့ ရောက်ရှိလာရာ မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်တို့က ယင်းစင်တာအတွင်းရှိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂ဝဝ ဦးဆံ့ ကုသရန် အဆောင် A နှင့် B တို့တွင် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းအထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ၁၉၂ ဦးအား ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်နေမှု လုပ်ငန်းအစီအမံ များ၊ ကိုဗစ်-၁၉ ရောဂါ ပြင်းထန်လူနာများ ထားရှိရန်နေရာ ICU&HDUတည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန(မန္တလေး) ဧရာဝတီစင်တာ အတွင်းရှိ PPE.DOFFING Room၊ CCTV မှတစ်ဆင့် ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေး စီမံခန့်ခွဲနိုင် သည့် Examinination Room၊ Control Room၊ ကိုဗစ်ရောဂါပြင်းထန်လူနာ ၁၀၀ဦး ထားရိမည့် အဆောင်အ တွင်း နေထိုင်စားသောက်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ သန့်စင်ခန်းများ၊ လျှပ်စစ်မီးရရှိရေးနှင့် သောက်သုံး ရေ ရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ပြီး ဝန်ကြီးချုပ်က ပြင်းထန်လူနာ များကို စနစ်တကျ စောင့်ရှောက်ပေးရေး၊ လူနာအမျိုးအစားအလိုက် ခွဲခြားဆောင်ရွက်ရေး၊ အရေးပေါ်ကုသရေး ယူနစ် စီစဉ်ဆောင်ရွက်သွားရေး၊ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများ နေရာချထား ဆောင်ရွက်သွား ရေးနှင့် အစိုးရအနေဖြင့် လိုအပ်သည့်ပံ့ပိုးမှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

လက်ရှိကာလတွင် မန္တလေးခရိုင်နှင့် အနီးတစ်ဝိုက်မြို့နယ်၊ ဒေသများမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များအား ကန်တော်နဒီဆေးရုံ၊ ခုတင် ၃ဝဝ ဆံ့ သင်ကြားရေးဆေးရုံ၊ ခုတင် ၁ဝဝ ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ၊ ပြင်ဦးလွင်ဆေးရုံကြီး၊ ဇီးပင်ကြီးဆေးရုံ၊ ၆၂ လမ်း ဇီဝိတဒါနသာသနာ့ အထူးကုဆေးရုံကြီး၊ ကိုဗစ်-၁၉ရောဂါ ကုသရေးဌာန ဧရာဝတီစင်တာ စသည်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး လျက်ရှိပြီး လူနာနှင့်ထိတွေ့သူများအား ဇီဝိတဒါနသံဃာ့ဆေးရုံ၊ မန္တလာတက္ကသိုလ်၊ ဇီးပင်ကြီး၊ မန္တလေးပညာ ရေး ဒီဂရီကောလိပ်၊ ကျောက်ဆည်တက္ကသိုလ်၊ တအုံဒေသရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)တို့တွင် Facility Quarantine အဖြစ် စောင့်ကြည့်၍ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ Quarantine Center များ ထပ်မံထားရှိရန် လိုအပ်လာပါကလည်း မန္တလေးခရိုင်အတွင်း မြို့နယ်များ အလိုက် ထားရှိသွားရန်လည်း စီစဉ်ဆောင်ရွက်နေသည်။

MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •