မန္တ​လေးမြစ်ဆိပ်ဆင်းလမ်းမှာ သဲကားက လမ်းဘေးရှိလူနေအိမ်အား တိုက်မိ၍ ၂ဦး​သေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၁.၁၂.၂၀၂၀ ရက်နေ့၊ ၀၆ ၁၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ကမ်းနားလမ်းအတိုင်း မောင်းနှင်လာသော အဖြူရောင် (၆)ဘီး သဲတင်ယာဉ်သည် တောဝဂူဘုရားတောင်ဘက်၊ မြစ်ဆိပ်ဆင်းလမ်း အရောက်တွင် ယာဉ်အား ဘက်ဆုတ်ရာတွင် ဘရိတ်မမိတော့ဘဲ လမ်းဘေးရှိ လူနေအိမ်အား တိုက်မိ၍ တိမ်းမှောက်မှုဖြစ်ပွားပြီး နေအိမ်အတွင်းရှိ မိသားစုဝင် မ(၁)ဦး၊ ကျား(၃)ဦးတို့သည် သဲများနှင့် ပိမိနေကြောင်း သတင်းရရှိသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၀၇ ၀၀)အချိန်တွင် ကယ်ထုတ်ပေးနိုင်ခဲ့ပြီး သံလျှက်မှော်အနောက် အရန်မီးသတ်စခန်းမှ လူနာတင်ယာဉ်(၁)စီး၊ မဟာလူမှုကယ်ဆယ်ရေးအသင်းမှ လူနာတင်ယာဉ်(၁)စီးတို့ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၁)ဦး (မစိုးရိမ်ရ)၊ မ(၁)ဦး (စိုးရိမ်ရ) နှင့် ကျား(၂)ဦး(သေဆုံး)ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source MFSD

 


Spread the love
  •  
  •  
  •  
  •  
  •  
  •