ကျုံးအတွင်းသို့ အပေါ့စွန့်သူအား ဖမ်းဆီး
မန္တလေးမြို့ လမ်း၈၀ ကျုံးဘေးပလက်ဖောင်းမှ ကျုံးအတွင်းသို့ အပေါ့စွန့်သူတစ်ဦးအား ယနေ့(ဩဂုတ် ၁၀) နံနက်ပိုင်းက တွေ့ရှိ၍ ဖမ်းဆီးခဲ့ပြီး အဆိုပါအပေါ့စွန့်သူအား စည်ပင်ရဲတပ်ဖွဲ့မှ တရားလိုပြုလုပ်၍ အမှတ် (၄) ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
မန္တလေးမြို့တော်နေပြည်သူများနှင့် မန္တလေးမြို့သို့ လာရောက်လည်ပတ်သူ အများပြည်သူများ အဆင်ပြေစွာ အသုံးပြုနိုင်ရန် ကျုံးပတ်လည်အနီးတွင် အများသုံး သန့်စင်ခန်းများကို တည်ဆောက်ပြီးဖြစ်သည်။
#TheMandalayNewsJournal