မန္တ​လေး ၄၁ လမ်းကို ၇၈ လမ်းမှ လမ်း ၈ဝအထိ ရထားလမ်းကိုဖြတ်ပြီး ဖောက်လုပ်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တ​လေး ၄၁ လမ်းကို ၇၈ လမ်းမှ လမ်း ၈ဝအထိ ရထားလမ်ကိုး ဖြတ်ပြီး ဖောက်လုပ်မည်

 

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်းကို ၇၈ လမ်းမှ လမ်း ၈ဝ ထိ မီးရထားလမ်းကို ဖြတ်သန်းပြီး သွားနိုင်ရန်အတွက် လမ်းစတင်ဖောက်လုပ်ခြင်းကို ဇန်နဝါရီ ၁၈ ရက်မှစတင်ဆောင်ရွက်နေကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

၄၁ လမ်းကို ၇၈ လမ်းနှင့် လမ်း ၈ဝ ကြားရှိ မီးရထားသံလမ်းပေါ်မှဖြတ်သန်း ဖောက်လုပ်သွားမည်ဖြစ်ရာ လမ်း ပေအကျယ် ၁၄ပေနှင့်အရှည် ၁၁၀၀ ကျော်ရှိပြီး အချိန် ၃လကျော် ကြာမြင့်မည်ဖြစ်ကာ မန္တလေးမြို့တော်စည်ပင်မှ အကုန်အကျခံ တည်ဆောက်သွားမည်ဖြစ်သည်။

 

”မီးရထားလမ်းကို ဖြတ်ဖောက်ခွင့်ရလိုက်တာပေါ့။ မန္တလေးမှာက ၇၈ လမ်းကနေ ကမ်းနားလမ်းအထိ တိုက်ရိုက်ပေါက်တာက ၂၆ ဘီလမ်းနဲ့ ၃၅လမ်းပဲရှိတာလေ၊ ၄၁လမ်းက အဲဒီလောက် လမ်းသားမကျယ်ပေ မယ့်လည်း ကမ်းနားလမ်းကို တိုက်ရိုက်ပေါက်တဲ့ လမ်းကြီးတစ်လမ်းဖြစ်သွားတာပေါ့။ ၄၁ လမ်းပေါက်တဲ့ အတွက် တိုက်ရိုက်ကုန်စည်ကူးသန်းရေးတွေ စီးပွားရေးတွေ အဆင်ပြေချောမွေ့တာပေါ့။ ကျန်တဲ့လမ်းတွေဆို ရင် တိုက်ရိုက်မပေါက်ဘူးလေ။ ရပ်ကွက်သူရပ်ကွက်သားတွေကအစ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မယ်။ ကျန်းမာ ရေးစီးပွားရေး မီးရေးထင်းရေးကအစ ကောင်းသွားမယ်။ လုပ်ငန်းလုပ်ကိုင်သူတွေ မန္တလေးကို လာလည်တဲ့ သူတွေလည်း တစ်ဆင့်ပြီးတစ်ဆင့် ချိုးပြီးတော့ အနောက်ကမ်းနားအထိ သွားရတာကိုး ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်ကပြောသည်။

 

၄၁ လမ်း ဖောက်လုပ်ရန်အတွက် လွန်ခဲ့သည် နှစ်နှစ်ခန့်က စတင်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလတွင် ရရှိခဲ့သည်။

 

လမ်းဖောက် လုပ်ရာတွင်လည်း Level Crossing/ မောင်းတံ၊ ဂိတ်တံခါးစသည့် မီးရထားလမ်းပိုင်းနှင့် သက်ဆိုင် သည့် အပိုင်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အကုန်ကျခံကာ သက်ဆိုင်ရာ ပညာရှင်များဖြင့် ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး လမ်းဖောက်လုပ်ခြင်းနှင့် Traffic Control တပ်ဆင်ဆောက်လုပ်ခြင်းအပိုင်းကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ပေးသွားမည်ဖြစ်သည်။

 

”အခုလို ဖြတ်ဖောက်ခွင့်ပေးတဲ့အတွက်လည်း မြန်မာ့မီးရထားကို ကျေးဇူးအရမ်းတင်ပါတယ်။ မီးရထားလမ်းကို ဖြတ်ဖောက်တာဖြစ်တဲ့အတွက် မြန်မာ့မီးရထားက အကူအညီတွေနဲ့အတူ လုပ်သွားမှာပါ”ဟု ဦးကျော်ဇော အောင်က ပြောသည်။

 

လမ်းဖောက်မည့် နေရာတစ်လျှောက်တွင်လည်း လူနေအိမ်နှင့် ဆိုင်များရှိနေသည့်အတွက် လမ်းနေရာအတွက် ဖယ်ပေးဖို့ရန် ၎င်းနေရာ၌ နေထိုင်သည့် ရပ်ကွက်သူ၊ရပ်ကွက်သားများနှင့် အကြိမ်ကြိမ် ညှိနှိုင်းစည်းရုံးမှုများ ပြုလုပ်ခဲ့ရပြီး သဘောတူညီမှု ရရှိခဲ့သောကြောင့် ယခုလို လမ်းဖောက်လုပ်နိုင်ခြင်းဖြစ်ကြောင်း ဦးကျော်ဇော အောင်က ပြောပြသည်။

 

”ဒီလို လူနေထူထပ်တဲ့ လမ်းတွေကို ဖောက်တဲ့အခါမှာ မြို့နေပြည်သူလူထု ရပ်ကွက်သူ၊ ရပ်ကွက်သားတွေရဲ့ အကူအညီမပါဘဲ မအောင်မြင်ဘူးပေါ့။ သူတို့တွေရဲ့ ဖွံဖြိုးတိုးတက်မှုလည်း ကျွန်တော်တို့ သေချာရှင်းပြတဲ့ အတွက်လည်း အားလုံးက ဝိုင်းဝန်းကူညီတဲ့အတွက် အောင်မြင်တာပေါ့။ အခက်အခဲတွေကတော့ အချိန်ပေးရ တာပေါ့။ နားလည်အောင် ရှင်းပြရတယ်။ လမ်းမြေတွေ ပိုတိုးပြီးယူထားတဲ့ သူတွေဆိုရင်လည်း သူတို့ရဲ့အိမ် တွေဟာ ကြီးကြီးမားမား ထုနဲ့ထည်နဲ့ ဆောက်ထားတဲ့အပေါ်မှာ သူတို့ကို သေချာရှင်းပြရတာပေါ့။ သူတို့နဲ့ ယုံကြည်မှုလည်း တည်ဆောက်ရတာပေါ့။ သူတို့တွေကိုလည်း ကိုယ်ရှေ့က လုပ်ခဲ့တဲ့ဟာတွေက ရှေ့မှာ လမ်း ဖောက်တဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ကိုယ်ကျိုးမပါဘူး၊ အများအကျိုးအတွက်ပါ ပြောတဲ့အတိုင်း လုပ် ပေးပါတယ်။ ဒီမြေတွေကိုလည်း သူတို့ကို ဖျက်ခိုင်းတယ်ဆိုတာ နစ်နာပါစေဆိုတဲ့စိတ်နဲ့ ဘာစီမံကိန်းမှမရှိဘဲ ဇွတ်အဓမ္မဖျက်ခိုင်းတာလည်း မရှိခဲ့ဘူး။ မေတ္တာစေတနာနဲ့ နားလည်အောင် ရှင်းပြတယ်၊ အချိန်ပေးရတယ်၊ စည်ပင်သာယာက သူတို့ကို ကူညီပေးနိုင်တဲ့ အပိုင်းတွေ၊ သူတို့အခက်အခဲတွေ၊ အကြံဉာဏ်တွေ နည်း ပညာတွေကို တတ်နိုင်သလောက် ကူညီပေးပါတယ်။ ရပ်ကွက်သူ၊ရပ်ကွက်သားတွေကလည်း ကျွန်တော်တို့ကို အမြဲတမ်းကူညီပေးကြတဲ့တွက် လုပ်ဆောင်ရတာ ပိုပြီးအားရှိတာပေါ့”ဟု ၎င်းက ဆက်လက်ပြောပြသည်။

 

မန္တလေးမြို့တော်စည်ပင်မှ မြို့သူ၊မြို့သားများ သွားလာရေးလွယ်ကူ အဆင်ပြေစေရန် မန္တလေးမြို့တွင်း တောင်မှမြောက်၊ အရှေ့မှအနောက်သို့ တိုက်ရိုက်ဖြတ်သန်းသွားလာလို့မရဘဲ ပိတ်နေသည့် မဟာအောင်မြေ မြို့နယ်တွင်းမှာ လမ်းခုနစ်လမ်း၊ ချမ်းအေးသာစံမြို့နယ်တွင်းမှာ လမ်းတစ်လမ်းတို့ကို အောင်မြင်စွာ ဖောက်လုပ် ပေးနိုင်ခဲ့သည်ဟု သိရသည်။

MRG

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •