မန္တ​​ေလး သီရိမာလာငါး လက်ကားဈေးကို ဒီဇင်ဘာ ၁၉ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သီရိမာလာငါး လက်ကားဈေးကို ဒီဇင်ဘာ ၁၉ ရက်မှစတင်ကာ ပြန်လည်ဖွင့်ခွင့်ပြုမည်

COVID-19 ရောဂါပိုးကူးစက်မှုများသည့်အတွက် ဒီဇင်ဘာ ၁၂ ရက်မှစတင်ပြီး ယာယီပိတ်ထားသည့် မန္တလေးမြို့ ကမ်းနားလမ်းရှိ သီရိမာလာ ငါးလက်ကားဈေးကို ဒီဇင်ဘာ ၁၉ ရက်မှစတင်ပြီး ပြန်လည် ဖွင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးနှင့်သားသတ်ဌာနမှ သိရ သည်။

သီရိမာလာငါးဈေးသည် မန္တလေးမြို့၏ အကြီးဆုံး ငါး၊ ပုဇွန်၊ ရေထွက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရာ နေရာဖြစ်ပြီး ရေထွက်ပစ္စည်း သယ်ယူပို့ဆောင်ကြသည့် ကုန်ကားဆရာများ၊ အလုပ်သမားများ၊ ဈေးဆိုင်ပိုင်ရှင် တစ်ချို့ ကူးစက်မှုများ တဖြည်းဖြည်းတိုးပွားလာသောကြောင့် ရောဂါပိုးကူးစက်မှုကို တားဆီးနိုင်ရန် ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဈေးကြီးအတွင်း ရောဂါကူးစက်ပြန့်ပွားမှု ကျဆင်းသွားသည့်အတွက် သတ်မှတ်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချကြရမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

သီရိမာလာငါးဈေးမှာ ရေထွက်ကုန်များအပြင် ကုန်စိမ်းနှင့် ပန်းများလည်း လက်လီလက်ကားရောင်းချနေကြပြီး ငါး၊ ပုဇွန် ပွဲရုံပေါင်း ၄၇၄ ဆိုင်၊ ပျံကျဈေးသည်နှင့် ပန်းသည်ပေါင်း ၂၅ဝ ခန့်ရှိသည်။

MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •