မန်းစည်ပင်က စွမ်းအားပြည့် ဆောင်ရွက်နိုင်ရန် လေးနှစ်ခွဲကာလအတွင်း စက်ရုံ ၅ ရုံဆောက်၊ ယာဉ်/ယန္တရား ၄ဝဝ နီးပါး ဝယ်ယူခဲ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

MCDC လုပ်ငန်းများ စွမ်းအားပြည့် ဆောင်ရွက်နိုင်ရန် လေးနှစ်ခွဲကာလအတွင်း စက်ရုံ ၅ ရုံ တည်ဆောက်၊ ယာဉ်စက်ယန္တရား ၄ဝဝ နီးပါး ဝယ်ယူ

ယခုအစိုးရလက်ထက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ လုပ်ငန်းများ စွမ်းအားပြည့်ဆောင်ရွက်နိုင်ရန် လေးနှစ်ခွဲကာလအတွင်း အသစ် တည်ဆောက်သည့် စက်ရုံငါးရုံနှင့် ယာဉ်စက်ယန္တရား ၄ဝဝနီးပါး ဝယ်ယူဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

စည်ပင်သာယာလုပ်ငန်းများဖြစ်သည့် လမ်းဖောက်လုပ်ခြင်း၊ Precast မြောင်းများ တည်ဆောက်ခြင်း၊ လမ်းမီးတိုင်အသစ်များ စိုက်ထူခြင်း၊ ရေပေးဝေရေးအတွက် ပိုက်အသစ်များ ချထားခြင်းနှင့် ပိုက်ဟောင်းများ ပြုပြင်ခြင်းများကို ယခင်က ပုဂ္ဂလိကကုမ္ပဏီများကို လုပ်ငန်းအပ်နေရာမှ စည်ပင်ဌာနများက ကိုယ်တိုင် ဆောင်ရွက်နိုင်ရန် ယာဉ်ယန္တရားများကို ၂ဝ၁၆-၂ဝ၁၇ ဘတ်ဂျက်နှစ်မှစပြီး နှစ်စဉ် စုဆောင်းခဲ့ခြင်းဖြစ်သည်။

ဌာနက ကိုယ်တိုင်ဆောင်ရွက်သဖြင့် ကန်ထရိုက်တွေထက် အရည်အသွေးပိုကောင်းပြီး အချိန်မီပြီးစီးပါကြောင်း သန့်ရှင်းရေးအတွက် အမှိုက်သိမ်းဆည်ခြင်းနှင့် ရေမြောင်းများ ဆယ်ခြင်း၊ စိမ်းလန်းစိုပြည်ရေးအတွက် ဥယျာဉ်နှင့် သစ်ပင်များ စိုက်ပျိုးခြင်းစသည့် လုပ်ငန်းများမှာလည်း ခေတ်နှင့်လိုက်လျောညီထွေရှိမည့် ယာဉ် အသစ်များနှင့် အစားထိုးခဲ့ပါကြောင်း စတင်အလုပ်လုပ်သည့် အချိန်ကစပြီး ရေတိုရေရှည်စီမံချက်များကို ရေးဆွဲပြီးလိုအပ်သည့် အခြေခံအဆောက်အအုံများဖြစ်သော ယာဉ်စက်ယန္တရားများနှင့် စက်ရုံများကို Plan ချပြီး ဝယ်ယူတည်ဆောက်ခဲ့တာဖြစ်ကြောင်း ယခုအချိန်တွင် ၉ဝ ရာခိုင်နှုန်းကျော် စုမိပြီဖြစ်၍ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့် အနေအထားရောက်ရှိနေပြီဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်အထိ လုပ်ငန်းအလိုက် ဝယ်ယူဆောင်ရွက်ခဲ့သော လုပ်ငန်းနှင့် ယာဉ်၊ စက်၊ ယန္တရားများမှာ နိုင်လွန်ကတ္တရာ ခင်းခြင်းလုပ်ငန်းနှင့် အခြေခံလွှာ ဆောင်ရွက်ခြင်း လုပ်ငန်းတွင် ၂၉ စီး၊ stabilized ခင်းခြင်းလုပ်ငန်းတွင် ၂၃ စီး၊ အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းတွင် ၂၅၁ စီး၊ ကျောက်ခွဲစက်လုပ်ငန်းတွင် ၄ စီး၊ ရေနှင့်သန့်ရှင်းမှုဌာနလုပ်ငန်းတွင် ၂ဝ စီး၊ ပန်းဥယျာဉ်နှင့် ကစားကွင်း များဌာန လုပ်ငန်းတွင် ၄ စီး၊ လမ်းခင်းခြင်း လုပ်ငန်းတွင် ၂၃ စီး၊ အဆောက်အအုံနှင့်ကုန်ရုံဌာနမှ Precast လုပ်ငန်းတွင် ၁၁ စီး၊ On Call သုံးယာဉ်များတွင် ၂ဝ စီး၊ စက်ပြင်အလုပ်ရုံသုံး Bridge Crane တစ်စုံ၊ လှူဒါန်းယာဉ် ၁ဝ စီး၊ စုစုပေါင်း ၃၉၆ စီးဖြင့် မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။
MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •