မန်းမြန်မာပလာဇာ (မြေညီထပ်) ရှိဆိုင်များမှစားသောက် ကုန်များနှင့် အခြားကုန်စည်များထုတ်ယူရန် စာရင်းပေးသူပိုများလာ  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန်းမြန်မာပလာဇာ (မြေညီထပ်) ရှိဆိုင်များမှစားသောက် ကုန်များနှင့် အခြားကုန်စည်များထုတ်ယူရန် စာရင်းပေးသူပိုများလာ

 

မန္တလေး၊ အောက်တိုဘာလ    ၂၀

မန်းမြန်မာပလာဇာ (မြေညီထပ်) ရှိ မိမိတို့ဆိုင်ပိုင်စားသောက်ကုန်များနှင့် အခြားကုန်စည်များထုတ်ယူရန် စာရင်းများကို အောက်တိုဘာလ ၁၆ ရက်နေ့ကနေစပြီး ကောက်ယူလျက်ရှိရာ လက်ရှိစာရင်းပေးသူများမှာ ကိုဗစ်-၁၉ စဖြစ်စဉ်တွင် စာရင်းပေးခဲ့သော ဦးရေထက်ပိုများလာကြောင်း မန်းမြန်မာပလာဇာ (မြေညီထပ်) ဈေးအကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။

“ကိုဗစ်စဖြစ်တုန်းကဆို ကောက်လို့ရတဲ့စာရင်းတွေ မြေညီထပ်သီးသန့်မှာ ဆိုင်ခန်း ၈၀၀ လောက်ရှိတာက ၁၁၆ ယောက်ထုတ်တယ်။ Second Waveမှာ အခုထိ စာရင်းပေးထားတာ ၁၇၀ ကျော်လောက်ရောက်သွားပြီ။ ထုတ်တဲ့သူပိုများတယ်။ အရင်တစ်ခေါက်ကကျ ပိတ်တာသာပိတ်တာ။ မကြာခင်ပြန်ဖွင့်တော့မယ်။ ဘာမှ ကူးစက်တာတွေမရှိဘူးဆိုတာတွေ သိတယ်။ ယခုအခါမှာကျတော့ ပိုးတွေ့တဲ့လူနာတွေက တစ်ရက်တစ်ရက် ပိုများလာတယ်။ ဖွင့်ဖို့ရာလည်း သိပ်မလွယ်သေးဘူးဆိုတာသိတဲ့အတွက် အရင်တစ်ခေါက်ထက် ပိုပြီးထုတ်ကြတယ်။ ” ဟု မန်းမြန်မာပလာဇာ (မြေညီထပ်) ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင့်ဇော်မောင်က ပြောသည်။

မန်းမြန်မာပလာဇာမြေညီထပ်တွင် ဆိုင်ခန်းပေါင်း ၈၀၀ ကျော်ရှိပြီး ပစ္စည်းများထုတ်ယူသယ်ဆောင်လိုသည့် မိမိဆိုင်ခန်းအမည်၊ ဆိုင်ခန်းအမှတ်၊ ဆိုင်ရှင်နာမည်၊ ဆက်သွယ်ရန်ဖုန်း စသည့်အချက်အလက်များကို လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

“အရင် ကိုဗစ်ပထမလှိုင်းတုန်းကလည်း ဒီလိုဘဲစာရင်းကောက်ပြီးတော့ ဆိုင်ခန်းတွေထဲမှာကျန်နေတဲ့ တချို့တွေကျ ကိုယ်ရောင်းမယ့်ဟာတွေ ပြန်ယူနေတာ ရှိတယ်။ တချို့ကျ ခြကိုက်၊ ပုရွက်ဆိတ်ကိုက် အဲလိုမျိုးတွေရှိတယ်။ ကိုယ့်ပစ္စည်းကို တစ်လကြာကျော်လောက် ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့် တချို့က ပြန်ပြီးကြည့်ချင်တယ်။ အဲဒီအခါမှာ ကိုဗစ်စည်းကမ်းနဲ့အညီ လူ ၂၀ လောက်ထိ တစ်အုပ်စုဖွဲ့ပြီး နာရီဝက်လောက်ဝင်ပြီးတော့ သယ်စရာရှိတာ သယ်ပေါ့။ အဲလိုပုံစံမျိုးကို အရင်တစ်ခေါက်ကလည်း လုပ်ပေးတယ်။ ” ဟု ဆက်ပြောသည်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားစဉ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြန့်ပွားမှုမှ ထိန်းချုပ်နိုင်ရန် မတ်လကုန်ပိုင်းကလည်း ၂လကျော် ပိတ်ခဲ့သေးကြောင်း၊ ယခု ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန် စက်တင်ဘာလတွင် ပြန်လည်ကာ ယာယီပိတ်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်


Spread the love
  •  
  •  
  •  
  •  
  •  
  •