မဖြစ်မနေ အပြင်ထွက်ရမယ်ဆို maskတပ်ပါ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ခုလတ်တလောကတော့အိမ်မှာအိပ်လိုက်စားလိုက်ဇူဇူးလေးနဲ့ဆော့လိုက်ပဲလုပ်ဖြစ်နေတယ်။
ခုCovid 19ကြောင့်ပဲ အိမ်မှာအမြဲနေဖြစ်တယ်။ ကိုယ့်ကိုကာကွယ်ဖို့အတွက်တော့မသွားမဖြစ်မပြင်သွားရမယ်ဆိုရင်တော့ Maskတပ်တယ် လက်ကိုလက်သန့်ဆေးနဲ့အမြဲဆေးဖြစ်တယ်။ကြောက်တာတော့တော်တော်ကြောက်တယ် ငါ့များကူးရင်ဘယ်လိုလုပ်မလဲတွေးပူတာတွေရှိတယ်။
နိုင်ငံခြားကလာတဲ့သူတွေကလည်းကိုယ့်နိုင်ငံဘာမှမဖြစ်သေးတော့အားကိုးတကြီး
ပြန်လာကြတယ်။တချို့ကလည်းအလုပ်တွေနားလို့ပြန်လာရတဲ့သူတွေရှိတယ်။တချို့ကျတော့၁၄ရက်စောင့်ကြည့်အခြေနေကိုလက်မခံချင်ကြတဲ့သူတွေလည်းရှိတယ်။အာ့လိုမလုပ်ကြပါနဲ့ ဘာမှထိခိုက်နာကျင်အောင်လုပ်တာလဲမဟုတ်ဘူး ၁၄ရက်ဆိုတာဖင့်လှည့်ခေါင်းလှည့်နဲ့ပြည့်သွားမှာပါ။
မြန်မာနိုင်ငံမှာခုလက်ရှိဆို ၁၅ယောက်တွေ့နေပြီ ထိတ်လန့်စရာအနေထားတခုပေါ့ ဖြစ်နိုင်မယ်ဆိုအိမ်မှာပဲနေမှာ။တချို့ကြတော့လည်း အလုပ်မပိတ်တဲ့သူတွေ ဝမ်းရေးအတွက်ရှာဖွေရတဲ့လူတွေရှိသေးတယ်။ တကယ်လို့များအပြင်ကိုမသွားမဖြစ်လို့သွားရမယ်ဆိုရင်လည်း maskတပ်ပါ လက်သန့်ဆေးဆောင်ထားပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •