မရမ်းကုန်းမြို့နယ် ကျန်စစ်သားလမ်းမှာ တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေး။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒီကနေ. ၂၃ . ၅ . ၂၀၂၀ ရက် မနက် ၉ နာရီမှာ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကျန်စစ်သားလမ်းမှာနေထိုင်တဲ့
ပြည်သူတွေကို Covid – 19 ရောဂါ ကူးစက်မှုမရှိရေး Contact Tracing ကွင်းဆင်းရှာဖွေခြင်းအနေဖြင့် တစ်ဦးခြင်း ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးနေပါတယ်။

အဲဒီစစ်ဆေးမှုကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အလိုအလျောက် ကိုယ်အပူချိန်တိုင်းစက် (Infrared Thermal Detection Unit) တပ်ဆင်ထားသော မော်တော်ယာဉ်ကြီးများနဲ့ စမ်းသပ်ပေးတါဖြစ်ပါတယ်။

Covid – 19 ရောဂါ ပြည်သူလူထုအတွင်း ကူးစက်မှုမရှိရေး Contact Tracing ကွင်းဆင်းရှာဖွေခြင်းအနေဖြင့် တစ်ဦးခြင်း ကျန်းမာရေးစစ်ဆေးနေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •