မလေးရှားရောက် အလုပ်သမားတွေကို တပ်မတော်ရေယာဥ်တွေသုံးပြီး ပြန်ခေါ်ဖို့အဆို လွှတ်တော်မှာ ဘာကြောင့်ရှုံးသလဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မလေးရှားရောက် အလုပ်သမားတွေကို တပ်မတော်ရေယာဥ်တွေသုံးပြီး ပြန်ခေါ်ဖို့အဆို လွှတ်တော်မှာရှုံးနိမ့်

ပြည်သူ့လွှတ်တော်ဥက္ကဌရဲ့လက်ထဲကို နေ့လယ် ၁၂:၀၅ နာရီအချိန်မှာ အရေးကြီးအဆိုတစ်ခုရောက်လာပါတယ်။
စတုတ္ထနေ့ လွှတ်တော် agenda မှာ ကြံ့ခိုင်ရေးပါတီက
ကိုယ်စားလှယ်(၂)ဦးရဲ့ အဆိုနှစ်ခုတင်ထားတာပါတယ်။‌

တောင်သူချေးငွေကိစ္စနဲ့ Covid ကာလချေးငွေကိစ္စ အဆို‌တွေပါ။အဲ့ဒီ အဆိုနှစ်ခုစလုံးကို လွှတ်တော်အနေနဲ့(ကန့်ကွက်သူမရှိပဲ)လက်ခံဆွေးနွေးဖို့သဘောတူခဲ့ကြတယ်။

agendaအပြီးကျမှ လွှတ်တော်ဥက္ကဌ က နေ့လယ် ၁၂:၀၅ နာရီက သူ့ထံရရှိတဲ့ အရေးကြီးအဆို ကိုဖတ်ပြပါတယ်။အဆိုတင်တဲ့ ကိုယ်စားလှယ်ကလည်း USDP ပါတီကပဲဖြစ်ပါတယ်။
အဆိုက မလေးရှားနိုင်ငံမှာ Covid ကြောင့်ပိတ်မိနေတဲ့ရှိနေတဲ့ မြန်မာနိုင်ငံသား ၂၀၀၀၀ ကျော်နဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများကို ၂၀၂၀ ရွေးကောက်ပွဲအမှီ မဲပေးနိုင်‌အောင်မြန်မာပြည်ပြန်ခေါ်ပေးဖို့ အရေးကြီးအဆို တဲ့။
နိုင်ငံတော်အနေနဲ့ Covid ကာလမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုအလုံးအရင်း ပြန်ခေါ်နေတာ ပါ။

ဒါပေမယ့်…အဆိုက ခုလိုဆက်တယ်..
မလေးရှားမှာရှိတဲ့မြန်မာတွေကို လူဦး‌ရေ ၁၀၀၀ ကျော်ဆန့်တဲ့ တပ်မ တော်ရဲ့မုတ္တမရေယာဉ်လိုမျိုးနဲ့‌ခေါ်ယူဖို့…
အလားတူ ထိုင်းကမြန်မာတွေကိုလည်း တပ်မတော်လေယာဉ်တွေနဲ့ ခေါ်ယူ‌ပေးဖို့ဆိုပြီးဆက်ပါလာတယ်၊

ဒီတော့ အဆိုရှင်ဟာ
၁။မဲပေး‌ဖို့ဆိုတဲ့ခေါင်းစဉ်ကိုအဓိကတပ်ထားတယ်။
၂။ပြည်ပ‌ရောက်မြန်မာတွေကိုခေါ်ပေး‌နေတဲ့ ပြည်ထောင်စုအစိုးရ ကို တပ်မတော်Carrier ယာဉ်တွေကိုသုံးဖို့ ညွှန်းတယ်။
၃။ပြည်တော်ပြန်တွေရဲ့အနာဂတ်အရေးဖေါ်ပြထားတာမတွေ့ရဘူး။
၄။အ‌ရေးကြီးဆုံးဖြစ်တဲ့Covid ကာကွယ်ကုသထိန်းချုပ်ရေးအစီအမံတစ်ခုမှပါမလာဘူး

လွှတ်တော်ဥက္ကဌကလည်း လွှတ်တော်ဥပဒေနည်းဥပဒေအတိုင်း အဆိုကိုလက်ခံဆွေးနွေးသင့်မသင့်ဆုံးဖြတ်တဲ့အခါ ထောက်ခံမဲ ၁၄၄ နဲ့အထက်ရရှိရင်ဆက်လက်ဆွေးနွေးမှာလို့ကြေညာပါတယ်။

ဒီတော့ ထောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်များကမတ်တပ်ရပ်ဆန္ဒပြုဖို့ ကြေညာလိုက်တဲ့အခါ…
တပ်မတော်သားကိုယ်စားလှယ်အားလုံးမတ်တပ်ရပ်ကြတယ်။
USDP နဲ့ တိုင်းရင်းသား(၃/၄)ဦးလောက်မတ်တပ်ရပ်ကြတယ်။

တပြိုင်နက်လွှတ်တော်ဝန်ထမ်းတွေက လူဦးရေ ရေတွက်တယ်။ရရှိတဲ့အရေအတွက်စာရင်းကို လွှတ်တော်ဥက္ကဌထံပေးပို့ပြီနောက်..လွှတ်တော်ဥက္ကဌက ၁၂၅ ဦးပဲထောက်ခံတဲ့အတွက် အရေးကြီးအဆိုကို ဆက်လက်ဆောင်ရွက်စရာမလိုကြောင်းဆုံးဖြတ်လိုက်ပါတယ်။

ဒါကြောင့်…ဒီနေ့မှာ USDP ကအဆို(၃)ခုတင်တယ်။အဲ့ဒီထဲက အဆို(၂)ကို လွှတ်တော်ကဆက်လက်ဆွေးနွေးသွားမယ်။
အရေးကြီးအဆိုဖြစ်တဲ့ ပြည်ပရောက်သူတွေကို မဲပေးဖို့ တပ်မတော်ယာဉ်တွေအသုံးပြုပြီးပြန်ခေါ်မယ်ဆိုတဲ့ အရေးကြီးအဆိုကိုတော့ လွှတ်တော်ကဆက်လက်ဆောင်ရွက်မှာမဟုတ်တော့ပါဘူး။

ဒါပေမယ့် အစိုးရအနေနဲ့ ကိုယ့်နိုင်ငံသားတွေ ပြည်တော်ပြန်မယ့်အစီအစဉ်များကို Covid ကာကွယ်ကုသထိန်းချုပ်ရေး ဗဟိုအဖွဲ့ နဲ့ညှိနှိုင်းကာ ဆက်လက်‌ ခေါ်ဆောင်ပေးသွားနေမှာဖြစ်တယ်လို့သိရပါတယ်။

 

Credit – Myo Naing


Spread the love
  •  
  •  
  •  
  •  
  •  
  •