မလေးရှားSementara Beranang Camp ထိမ်းသိမ်းရေးစခန်းရှိမြန်မာနိုင်ငံသားများကိုသံရုံးက သွားရောက်တွေ့ဆုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မလေးရှားSementara Beranang Camp ထိမ်းသိမ်းရေးစခန်းရှိမြန်မာနိုင်ငံသားများကိုသံရုံးက သွားရောက်တွေ့ဆုံ

Beranang Camp ထိမ်းသိမ်းရေးစခန်းသို့ မြန်မာနိုင်ငံသားအတွက် ကောင်စစ် ဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ရန် ၂၈-၈-၂၀၂၀ရက်တွင် သံရုံးက သွားရောက်ခဲ့ပါ တယ်။

 

အဆိုထိမ်းသိမ်းရေး စခန်းတွင် ပြစ်ဒဏ်ကျခံပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ရောက်ရန် စောင့်ဆိုင်းနေသည့် နိုင်ငံခြား သား ၅၀၀ ကျော်ခန့်ရှိပြီး ၎င်းအနက် မြန်မာနိုင်ငံသား ၂၀၇ ဉီး ခန့် တွေ့ရှိခဲ့ပါတယ်။ ၎င်းတို့ဟာ အထောက်အထားမဲ့ နေထိုင်သူများဖြစ်တဲ့အတွက် ကိုဗစ်ကာလအတွင်း ဖမ်းဆီးခံရသူများ ဖြစ်ပါတယ်။

၎င်းတို့နေထိုင်ရာ တိုက်ခန်းများသို့ ကိုဗစ်စစ်ဆေးခဲ့ပြီးနောက် အထောက်အထားမရှိသဖြင့် မလေးရှားလူဝင်မှုကြီးကြပ်ရေး၏ ဖမ်းဆီးခြင်းခံရသူများဖြစ်ပါတယ်။ အဆိုပါ မြန်မာ နိုင်ငံသားများအနက် ၁၀၀ ကျော်ခန့်ဟာ အမျိုးသမီးများဖြစ်ပြီး ကိုယ်ဝန်ဆောင်အချို့ နဲ့ ကလေးငယ်မိခင်များလည်း တွေ့ရပါတယ်။ ထို့ပြင် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော်လည်း အကြောင်းကြောင်းကြောင့် ဖမ်းဆီးခံရသူ (၇) ဉီးလည်း ပါဝင်ပါတယ်။

Camp တာဝန်ခံ ဆူခရီကလည်း ယခု ထိမ်းသိမ်းရေးစခန်းမှာ ကိုဗစ်ကာလအတွင်း အထောက်အထားမဲ့ နိုင်ငံခြားသားများ ဖမ်းဆီးမိခဲ့ပြီး Camp များ လုံလောက်မှုမရှိတဲ့အတွက် လိုအပ်ချက်အရ ထပ်မံဖွင့်လှစ်ရသည့် ထိမ်းသိမ်းရေးစခန်း အသစ်ဖြစ်ကြောင်း ရှင်းလင်းပြောပြခဲ့ပါတယ်။ သံရုံးအနေဖြင့် ၎င်းတို့၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို မေးမြန်း၍ ဆေးဝါး နှင့် လိုအပ်သည်များ ထောက်ပံ့ခဲ့ ကြောင်း ဖော်ပြအပ်ပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •