မလှိုင်မြို့နယ်တွင် သစ်ပင်စိုက်ရန် မြေကျင်းတူးရာမှ ရဟန္တာရုပ်တု သုံးဆူ တွေ့ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မလှိုင်မြို့နယ်တွင် သစ်ပင်စိုက်ရန် မြေကျင်းတူးရာမှ ရဟန္တာရုပ်တု သုံးဆူ တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ကမ္ဘား ဖြူကျေးရွာအုပ်စု ကွင်းအမှတ်(၂ဝ၈) မိတ္ထီလာ- မြင်းခြံသွား ကားလမ်းဘေး မိုင်တိုင် ၂၃ ရှိ ဦးမြင့်ကြိုင်၏ မြေကွက်တွင် နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီခန့်က သစ်ပင်စိုက်ရန် မြေကျင်းတူးရာမှ ရဟန္တာရုပ်တု သုံးဆူ တွေ့ရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ ရဟန္တာသုံးဆူမှာ စကျင်ကျောက် ဖြင့် ထုလုပ်ထားပြီး ဉာဏ်တော်အမြင့်မှာ လက်မ ၃ဝ ခန့် ရှိသည်။ ရုပ်တုတော်၏ အောက်ခြေတွင် အရှင်ကောဏ္ဍည၊ အရှင် မောဂ္ဂလာန်၊ အရှင်ရေဝတ ဟူ၍ ဘွဲ့အမည် စာတန်းထိုးထားပြီး သပိတ်ပိုက်ထားသည့် ရပ်တော်မူ ရဟန္တာပုံတော်များဖြစ်သည်။

“ဒီနေ့မနက် ၇ နာရီလောက်ကစပြီး ခြံပတ်ပတ်လည်ကို ကျင်းတူးပြီး စန္ဒကူးပင်နှင့် တရုတ်စံကားပင်တွေကို စိုက်နေတာပါ။ မနက် ၉ နာရီလောက်မှာ ခြံအဝင်ပေါက်ဘေး စန္ဒကူးပင်စိုက်ဖို့ မြေကျင်းတူးရာကနေ သပိတ် ပိုက်ထားတဲ့ ရဟန္တာပုံတော် သုံးဆူကို တွေ့ရှိ ခဲ့တာပါ” ဟု ခြံပိုင်ရှင် ဦးမြင့်ကြိုင်က ပြောသည်။

အဆိုပါသတင်းကို ကြားသိရပြီး လူအများ လာရောက်ဖူးမြော်ကြသဖြင့် အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် ယာယီမဏ္ဍပ်ဆောက် လုပ်ပူဇော်ထားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)


Spread the love
  •  
  •  
  •  
  •  
  •  
  •