မအူပင်မြို့နယ် အောက်ထုံးကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ရေကာတာပြိုကျ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မအူပင် အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အောက်ထုံးကျေးရွာ တာမိုင် ၂၄မိုင် ၆ဖာလုံ နေရာတွင် ရာဇူတိုင် မြစ်ရေမြင့်တက် တိုက်စားမှုကြောင့် အောက်ထုံး ကျေးရွာအနီးတွင်  အလျား (၁၀၀‘) အနံ(၄၀‘) ကမ်းပါးပြိုကျမှုကြောင့် ရေကာတာ၏ မြစ်ဘက်တာထိပ်မျက်နှာပြင် (‘)ခန့်အထိ ယမန်နေ့နံနက်ပိုင်းက ပြိုကျခဲ့ကြောင်း သိရသည်။

ယခုအခါ ရာဇူတိုင်မြစ်ရေမှာ ၁၃ခန့်ရှိပြီး အောက်ထုံးကျေးရွာ၏ စိုးရိမ်ရေမှတ်မှာ(၁၅‘)ခန့် ဖြစ်သဖြင့် မြစ်ရေ ဆက်လက်တက်ပါက စိုးရိမ်ရသည့် အခြေအနေမရှိသောကြောင့် ကမ်းပြိုသည့် နေရာတွင် Geotexilချခြင်း၊ ရေကာတာ၏ ကွင်းဘက်တွင် သဲအိတ်ဖြည့် တုတ်တန်းရိုက်ခြင်း၊ တာတမံ၏မြစ်ဘက်ကမ်းပြိုကျသည့် နေရာတွင် ဝါးဖောင်ဖွဲ့ခြုံချခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် နာယကဆရာတော်၊ သံဃာတော်များကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံလုပ်အားပေး ပြည်သူများစုပေါင်း၍ ဆည်မြောင်းဦးစီးဌာနနှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့၏ နည်းပညာများဖြင့် ရေကာတာဆက်လက် မကျိုးပေါက်စေရန် ပူးပေါင်းဆောင်ရွက်မှုအား မအူပင်မြို့နယ် အမှတ်()တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး အဆိုပါရေကာတာ ကျိုးပေါက်မှုကြောင့် လူ၊တိရစ္ဆာန်နှင့် အဆောက်အဦ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

အောင်မြင့်မြတ်(မအူပင်)


Spread the love
  •  
  •  
  •  
  •  
  •  
  •