မာရာဒိုနာကိုဂုဏ်ပြုတဲ့အနေနဲ့ နာပိုလီအားကစားကွင်းကို မာရာဒိုနာ ဟုအမ​ည်ပြောင်း”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“သူတို့ရဲ့ဒဏ္ဍါရီဆန်တဲ့ဘောလုံးသူရဲကောင်း
ကွယ်လွန်ခဲ့ပြီးနောက် ဂုဏ်ပြုတဲ့အနေနဲ့ နာပိုလီအားကစားကွင်းကို မာရာဒိုနါဟုအမည်
သစ်ပြန်ပေး”

December 5 , 2020

အီတလီနိုင်ငံရှိ Serie A နဲ့ UEFA CUP
တို့မှာဦးဆောင်နည်းပြခဲ့သူ အာဂျင်တီးနားရှေ့တန်းတိုက်စစ်မှူးကွယ်လွန်သွားပြီးနောက် သူ့အားဂုဏ်ပြုတဲ့တဲ့အနေနဲ့အီတလီနိုင်ငံ နာပိုလီအသင်းရဲ့ ဆန် ပေါ်လို
အားကစားကွင်းကို ဒီယေဂို အာမန်ဒို မာရာဒိုနါ
အားကစားကွင်း လို့အမည်သစ်ပြောင်းလဲ ပေးအပ်လိုက်ကြောင်း မြို့တော်ကောင်စီကသောကြာနေ့မှာပြောကြားလိုက်ပါတယ်။

မာရာဒိုနါဟာ သူ့ရဲ့အသက်၆၀ပြည့်မွေးနေ့လွန်မြောက်ပြီးနောက်တလမပြည့်သေးခင် ဗျူနိုအေရီးရဲ့
ဆင်ခြေဖုံးရပ်ကွက်တွင်ရှိတဲ့ သူ့ရဲ့နေအိမ်မှာ
နှလုံးရောဂါခံစားရပြီး လွန်ခဲ့တဲ့အပတ်က
သေဆုံးသွားခဲ့ပါတယ်။
ကလပ်အသင်းမှာ ၇နှစ်အတွင်း၁၁၅ဂိုး
သွင်းယူပေးခဲ့တဲ့ ကမ္ဘာ့ဖလားရရှိအောင်
စွမ်းဆောင်ပေးခဲ့သူ မာရာဒိုနါကို ဂုဏ်ပြုတဲ့
အနေနဲ့ အားကစားရုံရဲ့အမည်ကို အသစ်ပြောင်းလဲပေးအပ်ဖို့ မြို့တော်ဝန်လူအီ ဒီ မက်ဂျစ်စထရစ် က အဆိုပြုခဲ့တာကိုမြို့တော်ကောင်စီက သဘောတူညီခဲ့ပါတယ်။
“ကျွန်တော် ဒေသဆိုင်ရာအရာရှိတွေနဲ့
စကားပြောဆိုဆွေးနွေးလာခဲ့တာ၁၇နှစ်ကြာ
ခဲ့ပါပြီ။အားကစားရုံကိုဝယ်ပြီး ဒီရေဂို အာမန်ဒို
မာရာဒိုနါလို့အမည်ပေးဖို့ကျွန်တော်အမြဲပြော
လာခဲ့တာ။”လို့ နာပိုလီဘောလုံးအသင်းဥက္ကဌ အော်ရေလီယို ဒီ အော်ရင်တစ်(စ်)က အီတလီ
နိုင်ငံက Sky သတင်းဌာနကို ပြောပါတယ်။
“အဲ့ဒီအချိန်တုန်းကသာလုပ်ဖြစ်ခဲ့ရင်
အစဉ်အလာအရ ကျွန်တော်တို့ဟာ ‘ဆန် ပေါ်လို နဲ့ ‘မာရာဒိုနါ’လို့ အမည်နှစ်မျိုးလုံးနဲ့
ခေါ်ဖို့လိုတယ်။သိတ်များများစားစားပြောင်း
လဲသွားမှာမဟုတ်ပေမဲ့ မာရာဒိုနါဟာ ဒီအသိအမှတ်ပြုမှုကိုရရှိမှာ အမှန်ပါပဲ။”ကျွန်တော်တို့အားကစားကွင်းတခုလုံးအသစ်ပြန်ဆောက်ခဲ့ရရင်တောင်မှ အဲ့ဒီ
အါးကစားရုံကိုဒီလိုမျိုးပဲကျွန်တော်အမည်ပေး
မှာပဲ။”
“ခင်ဗျား ဒီမှါရှိခဲ့တဲ့နှစ်တွေဟာ နေပယ်လ်(စ်)ပြည်သူတွေရဲ့အမှတ်တရတွေမှာမေ့ပျောက်လို့မရအောင်ကျန်ရစ်နေခဲ့ပါတယ်။
-ပြင်းပြတဲ့ဆန္ဒနဲ့ပေးဆပ်မှု နဲ့ တောင့်တခဲ့ရတဲ့ရှင်သန်ထမြောက်မှုရဲ့သင်္ကေတ ဖြစ်ပါတယ်။”
လို့ သူက မာရိုဒိုနါကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

မာရာဒိုနါဟာ၁၉၈၄ခုနှစ်မှာ နာပိုလီအသင်းနဲ့စာချုပ်ချုပ်ဆိုခဲ့ပြီး ဂျူဗင်တပ်၊အေစီမီလန်နဲ့အင်တာမီလန်တို့လို
မြောက်ပိုင်းအသင်းတွေကဲ့သို့အောင်မြင်မှုရအောင်ကူညီစွမ်းဆောင်ပေးခဲ့ပါတယ်။ဒီအသင်းတွေဟာအီတလီဘောလုံးလောကကိုမဟာဆန်အောင်တည်ဆောက်ပေးခဲ့ပြီး၊အချုပ်ပြောရရင် အီတလီSerie Aကိုထိပ်တန်း
ရောက်အောင်ပို့ဆောင်ပေးခဲ့တယ်လို့ရှုမြင်ထားခြင်းခံရပါတယ်။

Ref:REUTERS


Spread the love
  •  
  •  
  •  
  •  
  •  
  •