မိထ္တီလာမြို့ရှောင်လမ်းမှာ ဆီဘောက်ဆာတစ်စီး မီးလောင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိထ္တီလာမြို့ရှောင်လမ်းမှာ ဆီဘောက်ဆာတစ်စီး မီးလောင်

၁၉.၇.၂၀၂၀ ရက်နေ့၊ မနက် ၇နာရီ ၂၀အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာမြို့နှင့် သာစည်မြို့နယ်ကြား၊ မိထ္တီလာမြို့ရှောင်လမ်း၊ ကုံးလုံးသိမ်တံတားထိပ်၊ ကုန်းတောကျေးရွာအနီးတွင် ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

 

 

အဲဒီ မီးလောင်မှုဖြစ်ပွားရာသို. မိထ္တီလာခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၆)စီး၊ ယင်းတော်နယ်မြေမှ မီးသတ်ယာဉ်(၂)စီး၊ သာစည်မြို့နယ်မှ မီးသတ်ယာဉ်(၂)စီး၊ မန္တလေးတိုင်းမီးသတ်ဦးစီးမှူးရုံးမှ ပိုလန် မီးငြှိမ်းသတ်ယာဉ်(၁)စီး တို့ဖြင့်သွားရောက်ငြိမ်းသတ်ခဲ့ပါတယ်။

 

 

မနက် ၇နာရီ ၃၅ အချိန်မှာ မီးထိန်းနိုင်ပြီး ၇နာရီ ၄၅ အချိန်မှာမီးငြိမ်းခဲ့တယ်လို.သိရပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •